တရုတ်နိုင်ငံရှိ Forbidden City နန်းတော် လာမည့် နှစ်တွင် နှစ် ၆၀၀ ပြည့် အထိမ်းအမှတ် ဆင်နွှဲမည်

yyl-037-5.jpg

တရုတ်နိုင်ငံ ဘေကျင်းမြို့ ရှိ သမိုင်းဝင် Forbidden City အမည်ရှိ နန်းတော် ပြတိုက်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော သစ်သားဖြင့် ပြုလုပ် တည်ဆောက် ထားသည့် သမိုင်းဝင် အဆောက်အအုံဖြစ်ပြီး နှစ်၆၀၀ပြည့် အထိမ်းအမှတ် ဆင်နွဲတော့မည်ဟု ကြာသာပတေးနေ့က ထုတ်ပြန် ကြော်ငြာခဲ့သည်။

နန်းတော် ပြတိုက်၏ ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ရှိသူ Wang Xudong မှ ထိုနှစ် ၆၀၀ပြည့် အထိမ်းအမှတ် အနေဖြင့် နန်းတော်ကြီး၏ ၁၄၂၀ခုနှစ် မှ ၁၉၁၁ခုနှစ် အတွင်းရှိ မှတ်တမ်းများကို အများပြည်သူလေ့လာနိုင်ရန် ခင်းကျင်း ပြသသွားမည်ဖြစ်သည်။ ဥပမာအနေဖြင့် “A Night Revel of Han Xizai” ဟုခေါ်သည့် တစ်ဆယ် ရာစုနှစ် လောက်ကဖန်တီးခဲ့သည့် နာမည်ကျော် သမိုင်းဝင် တရုတ် ပန်းချီကားအား လူအများ ကြည့်ရှု့လေ့လာရန် ပြသသွားမည် ဖြစ်သည်။ လှပသော လက်ရေးလက်သား အတတ်ပညာရှင် Su Shi ရေးသားသည့် Song မင်းဆက်၏ ၉၆၀ခုနှစ် မှ ၁၁၂၇ခုနှစ် အတွင်းရှိ ကဗျာ နှင့် အနုပညာလက်ရာများကိုလည်း ခင်းကျင်း ပြသသွားမည်ဟုဆိုသည်။

အထူးသီးသန့် ပြပွဲအနေဖြင့် လာရောက်ကြည့်ရှုသူများကို လွန်ခဲ့သော ခြောက်ရာစုနှစ်လောက်က နန်းတော်ကြီး ဆောက်လုပ်ခဲ့သော နည်းပညာသမိုင်းကြောင်းများကို ပြန်လည် လေ့လာခံစားနိုင်ရန် စီစဥ် ပေးသွားမည် ဖြစ်ကြောင်းဆိုသည်။ ထိုနှစ်ပတ်လည်ပွဲတွင် ဟောင်ကောင်၊ မကာအို နှင့် ထိုင်ဝမ် တို့မှ ရာနှင့်ချီသော ကျောင်းသားများ ရှေးခေတ် သမိုင်းကြောင်း နှင့် အနုပညာ လက်ရာများ ကို တက်ရောက်လေ့လာ ကြမည် ဖြစ်ပြီး ကလေးငယ်များအတွက် ဝင်ကြေးမရှိ ဝင်ရောက်လေ့လာနိုင်မည်ဖြစ်သည်။

မှတ်တမ်းများအရ နန်းတော်ကို ၂၀၁၉ ခုနှစ်တွင် လာရောက်လည်ပတ်သူ စုစုပေါင်း ၁၉.၃ မီလီယံ ကျော်ရှိပြီး ထိုမှတ်တမ်းသည် Forbidden City နန်းတော်အား အများပြည်သူလေ့လာရန် စတင်ဖွင့်လှစ်သည့် ခုနှစ် ၁၉၂၅ ခုနှစ်မှစ၍ စံချိန်ချိုးသော မှတ်တမ်းပင်ဖြစ်သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top