ရက် ၁၀၀ ဆက်တိုက် McDonald ရဲ့ အမြန်ရ စားစရာတွေစားပြီး ပေါင် ၆၀ ဝိတ်လျှော့ခဲ့သူ

6.6.2023-yyl-9.jpg

ဝိတ်လျှော့ဖို့ ကြိုးစားတဲ့အခါ အမြန်ရ စားစရာတွေဟာ ရှောင်ကျဉ်သင့်တဲ့စာရင်းမှာ ထိပ်ဆုံးက ပါဝင်ပေမဲ့ အမျိုးသားတစ်ဦးကတော့ ရက် ၁၀၀ ဆက်တိုက် McDonald ရဲ့ အမြန်ရ စားစရာ တစ်နေ့ ၃ ကြိမ်စားပြီး ပေါင် ၆၀ အထိ ဝိတ်လျှော့နိုင်ခဲ့ပါတယ်။ နက်ရှ်ဗီးလ်မြို့မှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသား ကီဗင်မက်ဂင်းနစ်ပါ။

ကီဗင်ဟာ ဝိတ်ချနေစဉ်ကာလအတွင်း McDonald ရဲ့ ဘာဂါ၊ ကြက်ကြော်၊ ပန်းသီးကြော် အစရှိတဲ့ အမြန်ရ စားစရာတွေကို တစ်နေ့ ၃ ကြိမ်စားတယ်ဆိုပေမဲ့ ပုံမှန်စားနေကြ တစ်နပ်စာရဲ့ တစ်ဝက် ပမာဏ လျှော့ချပြီး စားခဲ့တာပါ။ ထူးခြားတဲ့ နည်းလမ်းနဲ့ ဝိတ်ချမယ့်အကြောင်းကို ကီဗင်က TikTok ဗီဒီယိုမှာ ပြောခဲ့တာဖြစ်ပြီး အဲဒီဗီဒီယိုက ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ခန္ဓာကိုယ်အလေးချိန် ၂၃၈ ပေါင်ရှိတဲ့ ကီဗင်ဟာ ရက် ၁၀၀ အကြာမှာတော့ ၁၇၉.၅ ပေါင်အထိ ဝိတ်ကျသွားခဲ့တာပါ။

ကီဗင်က ပုံမှန်စားနေကြ တစ်နပ်စာရဲ့ တစ်ဝက်ပမာဏ လျှော့စားခဲ့တယ်ဆိုပေမဲ့ အာဟာရပညာရှင်တွေရဲ့ တွက်ချက်မှုအရ တစ်နေ့တာ ဆိုဒီယမ်ပမာဏ ၂၃၀၀ မီလီဂရမ်ထက် ပိုများပါတယ်။ ဒါပေမဲ့ ဝိတ်ချပြီးနောက်ပိုင်းမှာတော့ ကီဗင်ရဲ့ ကိုလက်စထရောပမာဏ၊ သွေးတွင်းသကြားဓာတ်၊ နှလုံးဖောက်နိုင်ခြေတွေ သိသိသာသာ ကျဆင်းသွားခဲ့ပြီး သွေးချို ဖြစ်နိုင်ခြေလည်း ကျဆင်းသွားခဲ့ပါတယ်။

McDonald ရဲ့ အမြန်ရ စားစရာတွေစားပြီး ဝိတ်ချခဲ့တာ ကီဗင်က ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်တုန်းက အိုင်အိုဝါပြည်နယ်မှ ကျောင်းဆရာ ဂျွန်ဆစ္စနာဟာ ရက် ၉၀ ဆက်တိုက် အမြန်ရ စားစရာတွေစားပြီး ခန္ဓာကိုယ်အလေးချိန် ၃၇ ပေါင် လျှော့ချနိုင်ခဲ့ဖူးပါတယ်။

Ref: Man Eats McDonald’s Three Times a Day for 100 Days, Loses 60 Pounds

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top