ဖေ့ဘွတ်ခ် New Feed မှာ ထူးခြားတဲ့ပြဿနာ ကြုံတွေ့နေ

24-8-2022-yyl-09.jpg

ဖေ့ဘွတ်ခ်ရဲ့ New Feed မှာ ထင်ပေါ်ကျော်ကြားသူတွေဆီ ပေးပို့တဲ့ ပို့စ်တွေပဲ မြင်နေရတဲ့ ပြဿနာတစ်ခု ဖြစ်နေပါတယ်။ ဥပမာ ကိုယ်က ရော်နယ်ဒိုကို Follow လုပ်ထားမယ်ဆိုရင် ရော်နယ်ဒို Page ကို ပေးပို့တဲ့ ပို့စ်တွေကိုချည်း ဆက်တိုက်မြင်နေရတာမျိုးပါ။

ထူးခြားတဲ့ ဒီဖြစ်ရပ်ကို အခွင့်ကောင်းယူပြီး ဖေ့ဘွတ်ခ် အသုံးပြုသူတွေကလည်း ထင်ပေါ်ကျော်ကြားသူတွေဆီ memes တွေ ဆက်တိုက်ပေးပို့လျက်ရှိပါတယ်။ ပုံမှန်အတိုင်းဆို အဲဒီလို ပို့စ်တွေက ပေ့ချ်တွေဆီကိုပဲ ရောက်သွားပြီး New Feed မှာ ပေါ်လာလေ့မရှိပါဘူး။

အဲဒီလို ပို့စ်တွေ New Feed အထိ ပျံ့နှံလာတာကြောင့် ဖေ့ဘွတ်ခ်အသုံးပြုသူတချို့ကလည်း PayPal ကတစ်ဆင့် ငွေလှူလို့ရတဲ့ လင့်ခ်တွေ တင်တာ၊ ဒီဂျစ်တယ်ငွေကြေး ပရောဂျက်အကြောင်းတွေ Promote လုပ်နေကြပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖေ့ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Ref: Facebook is broken and spamming celebrity comments everywhere

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top