ဂင်းနက်စ်စံချိန်တင် ကမ္ဘာ့လျှာ​​အရှည်ဆုံးခွေးလေး

6.6.2023-yyl-11.jpg

အမေရိကန်က လာဘရာဒေါနဲ့ ဂျာမန်သိုးထိန်းခွေးမျိုးစပ် ခွေးလေး ဇိုဝီကို ကမ္ဘာ့လျှာအရှည်ဆုံးခွေးလေးအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ကြေညာခဲ့ပါတယ်။ ဇိုဝီရဲ့လျှာက ၁၂.၇ စင်တီမီတာ (၅ လက်မ) ရှိပါတယ်။ အရင်က ဒီစံချိန်ကို ချိုးခဲ့တာဟာ လျှာရဲ့အရှည် ၉.၄၉ စင်တီမီတာ (၃.၇၄ လက်မ) ရှိတဲ့ ဘစ်ဘီဆိုတဲ့ ခွေးလေးပါ။

သခင်တွေဖြစ်တဲ့ ဆာဒီနဲ့ ဒရူး ဝီလျံတို့က ဇိုဝီကို ၆ ပတ်သားအရွယ်မှာ စရတဲ့အချိန် သူ့ရဲ့ပုံမှန်မဟုတ်တဲ့လျှာအရှည်ကြီးကို သတိထားမိခဲ့ပါတယ်။ ဇိုဝီက အပြင်ထွက်လည်ရတာ၊ ဘောလုံးဖမ်းယူရတာ၊ ရှဉ့်လိုက်ရတာ၊ ကားစီးရတာ၊ တူးမြောင်းအတွင်း ရေကူးရတာတွေ ကြိုက်ပါတယ်။ သူ မကြိုက်တဲ့တစ်ခုတည်းသောအရာကတော့ ရေချိုးရတာကိုပါ။ ဇိုဝီက အိမ်နီးနားချင်းတွေကြားမှာလည်း နာမည်ကြီးပါတယ်။

Ref: US Dog Achieves Longest Tongue Guinness World Record & It Outsizes A Soda Can

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top