ယွမ် ၁၀ သန်းဆု (အမေရိကန်ဒေါ်လာ ၁.၅ သန်း) ထီပေါက်ခဲ့တဲ့ တရုတ်အမျိုးသားဟာ ဇနီးသည် မသိအောင် ၂ နှစ်ကြာ ဖုံးကွယ်ထားခဲ့ပါတယ်။ ကျိုးလို့ အမည်ရတဲ့ အမျိုးသားဟာ ၂၀၂၁ ခုနှစ်က ယွမ် ၁၀ သန်းဆု ထီပေါက်ခဲ့ပြီး အခွန်ဆောင်ပြီးချိန်မှာ ယွမ် ၈.၄၃ သန်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါဟာ မိသားစုဘ၀ ပြောင်းလဲသွားစေတဲ့ ငွေပမာဏဖြစ်ပေမဲ့ ကျိုးက သူ့မိန်းမကို မပြောခဲ့ပါဘူး။
ထီဆုကြေးငွေ ရချိန်မှာ သူ့အစ်မကို ယွမ် ၂ သန်းပေးခဲ့ပြီး ဇနီးဟောင်းဖြစ်သူ တိုက်ခန်းဝယ်ဖို့အတွက် ယွမ် ၇ သိန်း ပေးခဲ့ပါတယ်။ ၂ နှစ်အကြာမှာတော့ ကျိုးရဲ့ဇနီးက ဒီအကြောင်း သိသွားပြီး ကွာရှင်းခွင့်တောင်းခဲ့သလို ထီဆုကြေးငွေ ခွဲပေးဖို့လည်း တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။
ကျိုးရဲ့ထီဆုကြေးငွေဟာ သူနဲ့လည်း သက်ဆိုင်တယ်လို့ ဇနီးဖြစ်သူက လျှောက်ထားခဲ့ပြီး (သူ့အစ်မနဲ့ ဇနီးဟောင်းထံ ကျိုး ပေးပို့ခဲ့တဲ့) ယွမ် ၂.၇ သန်းထဲကနေ ၃ ပုံ၊ ၂ ပုံ ခွဲပေးဖို့ တောင်းဆိုခဲ့တာပါ။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ဝမ်ကျိုးမြို့တရားရုံးက ကျိုးရဲ့ဇနီးသည် တောင်းဆိုတဲ့ ငွေကို ပေးအပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ တရုတ်လူမှုကွန်ရက်မှာ ဒီသတင်း ပျံ့နှံ့သွားခဲ့ပြီးနောက် လူအများစုက ထီပေါက်တာကို ဇနီးမသိအောင် ဖုံးကွယ်ခဲ့တဲ့ ကျိုးရဲ့လုပ်ရပ်အပေါ် ဝေဖန်ခဲ့ကြပါတယ်။
Ref: Man Forced to Compensate Wife After Concealing Lottery Win From Her For Years
NZ (ရိုးရာလေး)