၁၉၅၅ ခုနှစ်က အဘွားထံ ချားလ်စ်ဘုရင်ရေးခဲ့တဲ့စာတစ်စောင်

24.2.2023-image-4.jpg

စုံတွဲတစ်တွဲက ခရစ္စမတ်အားလပ်ရက်အတွင်း သူတို့ရဲ့အိမ်ထပ်ခိုးကို ရှင်းလင်းရင်း ချားလ်ဘုရင်က သူ့အဘွားထံ ရေးတဲ့ စာတစ်စောင်ကို တွေ့ရှိခဲ့ပါတယ်။ ဘက်ကင်ဟမ်နန်းတော်မှတ်စုစာရွက်ပေါ်မှာ ၁၉၅၅ ခုနှစ် မတ်လ ၁၅ ရက် ရက်စွဲနဲ့ ရေးသားထားတဲ့ စာမှာ “ချစ်လှစွာသော အဘွား…အဘွားနေမကောင်းဖြစ်နေလို့ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ မကြာခင် ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ချားလ်ထံမှ ချစ်ခြင်းများစွာနဲ့”တဲ့။ အသက် ၆ နှစ်အရွယ်မှာ ချားလ်ဘုရင်က ဒီစာကို ရေးခဲ့တာပါ။

ဘုရင်မကြီး အဲလိဇဘက် ၂ မှ ဘုရင်မကြီးရဲ့မိခင်ထံလို့ အမည်တပ်ထားတဲ့ စာအိတ်အတွင်းမှာ ဒီစာကို တွေ့ရှိခဲ့ရတယ်လို့ ဒီစာကို လေလံတင်ရောင်းချဖို့ တာဝန်ယူထားတဲ့ Hansons Auctioneers ပိုင်ရှင် ချားလ် ဟန်ဆန်က ဆိုပါတယ်။ လေလံပွဲမှာ ပေါင် ၁၀၀၀၀ (ဒေါ်လာ ၁၂၀၀၀) အထိ ရနိုင်တယ်လို့ ဟန်ဆန် ခန့်မှန်းထားတဲ့ ဒီစာကို ရှာတွေ့တာက ထပ်ခိုးရှင်းရင်း ရှာတွေ့တဲ့ စုံတွဲကို အံ့အားသင့်သွားစေခဲ့ပါတယ်။ အမိုးအောက်ထပ်ခိုးနေရာကို သူ့ရဲ့အဘိုး ရိုလန် စတော့ခ်ဒေးလ်ပိုင်ဆိုင်ခဲ့တာဖြစ်တယ်လို့ စာကို ရောင်းချသူဖြစ်တဲ့ အသက် ၄၉ နှစ်အရွယ် အမည်မဖော်လိုသူ ခြံမန်နေဂျာက ပြောပါတယ်။

စတော့ခ်ဒေးလ်က အင်္ဂလန်မြောက်ပိုင်းကနေ ထွက်ခွာခဲ့ပြီး သူ့ရဲ့အရင်အလုပ်ဖြစ်တဲ့ လယ်လုပ်သမားအဖြစ် နှုတ်ထွက်ခဲ့ပြီးနောက် ၁၉၅၅ ခုနှစ်အတွင်း Metropolitan Police မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဘုရင်မကြီးရဲ့လုံခြုံရေးတပ်ဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ချားလ်ဘုရင် ရေးသားခဲ့တဲ့ စာအပါအဝင် စတော့ခ်ဒေးလ်ရဲ့ဖိုင်တွဲက ဖုံတွေတောင်တတ်နေပါပြီ။ အဲ့ဒီစာက စတော့ခ်ဆီ ဘယ်လိုလုပ်ရောက်နေလဲဆိုတာ မသိဘူး။ သူ သိမ်းထားတဲ့ အရာတွေထဲကတစ်ခုဖြစ်တယ်လို့ ရောင်းချသူက ပြောပါတယ်။

စတော့ခ်ဒေးလ်က အဲလိစဘတ်ဘုရင်မကြီးရဲ့မိခင်ဘုရင်မကြီးဆီကပို့စကတ်တွေနဲ့ မွေးနေ့ဆုတောင်းစကားတွေလည်း ရရှိခဲ့ပါတယ်။ စုံတွဲက ဖိုင်အတွင်း Balmoral Castle မှာ ကဖို့ ဖိတ်ကြားတဲ့ဖိတ်စာ၊ အဲလိဇဘတ်ဘုရင်မကြီးရဲ့မိခင်က လက်မှတ်ထိုးထားတဲ့ မှတ်စု၊ အဲလိဇဘတ်ဘုရင်မကြီးနဲ့ ဘုရင်ဖိလစ်တို့လက်မှတ်ထိုးထားတဲ့ လက်ဆောင် အပါအဝင် အခြားတော်ဝင်အမှတ်တရပစ္စည်းတွေလည်း တွေ့ခဲ့ပါတယ်။ ဒီပစ္စည်းတွေကို မတ်လ ၇ ရက်နေ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref: CNN “Letter written by King Charles to his ‘granny’ in 1955 found in attic”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top