အဆိုတော်ရီဟားနား ဖျော်ဖြေတင်ဆက်စဉ်အတွင်း သီချင်းစာသားတွေကို လက်ဟန်ပြဘာသာစကားနဲ့ ဘာသာပြန်ပေးခဲ့သူ

14.2.2023-image-4.jpg

Super Bowl Halftime Show မှာ အဆိုတော်ရီဟားနားက အမိုက်စားဖျော်ဖြေတင်ဆက်မှုတွေနဲ့ လူအများရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့သလိုပဲ အခြားတစ်ယောက်လည်းရှိပါသေးတယ်။ သူကတော့ လက်ဟန်ပြဘာသာစကား စကားပြန်ဂျက်တီနာ မိုင်စ်ပါ။ သူဟာ ရီဟားနားဖျော်ဖြေတင်ဆက်မှုအတွင်း သူ့ရဲ့သီချင်းစာသားတွေကို အမေရိကန်လက်ဟန်ပြဘာသာစကားနဲ့ ပြန်ဆိုပေးခဲ့တာကြောင့် ပွဲကြိုက်ပရိသတ်တွေ အံ့အားသင့်သွားခဲ့ရပြီး ဂျက်တီနာက လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသွားခဲ့ပါတယ်။

နားမကြားတဲ့ ဂျက်တီနာဟာ နာမည်ကြီးသီချင်းတွေကို အမေရိကန်လက်ဟန်ပြဘာသာစကားနဲ့ ဘာသာပြန်ပေးတဲ့အတွက် TikTok မှာ နာမည်ကြီးသွားခဲ့တာပါ။ ဖီလာ
ဒဲလ်ဖီးယားမြို့ဇာတိဖြစ်တဲ့ သူဟာ ဝါရှင်တန်ဒီစီက နားမကြားသူတွေအတွက် စာသင်ကျောင်း (Model Secondary School for The Deaf) မှာ ကျောင်းသူဖြစ်ခဲ့ပြီး အခုတော့ Bowie State University မှာ သူနာပြုပညာကို သင်ယူနေပါတယ်။

ဂျက်တီနာက နားမကြားအားကစားသမားတွေအတွက် အားကစားပြိုင်ပွဲ Deaflympics မှာ Team USA အဖွဲ့သားအဖြစ်လည်း ပါဝင်ခဲ့ပြီး 2021-2022 ပြိုင်ပွဲအတွင်း ငွေတံဆိပ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ သူက တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုတွေအတွင်း အမေရိကန်လက်ဟန်ပြဘာသာစကားဘာသာပြန်လုပ်တာနဲ့ မစိမ်းပါဘူး။ ဖျော်ဖြေပွဲတော်တော်များများမှာ တင်ဆက်ပေးခဲ့ဖူးပါတယ်။ သူက Super Bowl Halftime ရှိုးအတွင်း ဘာသာပြန်ပေးခဲ့သလို Super Bowl အကြိုဂိမ်းကာလအတွင်း အဆိုတော် ရှယ်လီ ရယ်လ်ဖ် ဖျော်ဖြေတင်ဆက်ခဲ့တဲ့ နိုင်ငံတော်သီချင်း “Lift Every Voice and Sing”ကိုလည်း အမေရိကန်လက်ဟန်ပြဘာသာစကားနဲ့ ဘာသာပြန်ပေးခဲ့ပါတယ်။

Ref: Sign language interpreter Justina Miles goes viral during Rihanna’s Super Bowl halftime performance

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top