တစ်နေ့တည်းမှာ သွား ၂၃ ချောင်းနုတ်ပြီး သွား ၁၂ ချောင်း ပြန်စိုက်ခဲ့တဲ့ အဘိုးအိုသေဆုံးမှုအပေါ် တရုတ်အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေ

6.9.2024-yyl-1.png

တစ်နေ့တည်းမှာပဲ သွား ၂၃ ချောင်းနုတ်ပြီး သွား ၁၂ ချောင်း ပြန်စိုက်ခဲ့တဲ့ အဘိုးအို သေဆုံးမှုအပေါ် တရုတ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။ တရုတ်နိုင်ငံ ကျဲ့ကန်းပြည်နယ်၊ ယုန်ကန်မြို့မှာ နေထိုင်သူ အမျိုးသမီး ရှုက သူ့ဖခင်သေဆုံးမှုအတွက် သွားဆေးခန်းကို အရေးယူပေးဖို့ မြူနီစီပယ်ကျန်းမာရေးဗျူရိုထံ တိုင်ချက်ဖွင့်ထားတာပါ။

အဘိုးအိုဟာ တစ်နေ့တည်းမှာပဲ သွား ၂၃ ချောင်းနုတ်ပြီး သွား ၁၂ ချောင်းပြန်စိုက်ခဲ့တဲ့ကြောင့် နာကျင်မှုဒဏ်ကို အလွန်အမင်း ခံစားခဲ့ရပြီး ၁၃ ရက်အကြာမှာ နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့တာလို့ သမီးဖြစ်သူက ဆိုပါတယ်။ တစ်ကြိမ်တည်းမှာ သွား ဘယ်နှစ်ချောင်းအထိ နုတ်နိုင်သလဲဆိုတာ ခွဲစိတ်ဆရာဝန်က လူနာနဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ ဆုံးဖြတ်တာဖြစ်တယ်လို့ သွားဆေးခန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

လက်ရှိအချိန်အထိ ခွဲစိတ်မှုတစ်ကြိမ်မှာ သွား ဘယ်နှစ်ချောင်းအထိ နုတ်ခွင့်ရှိတယ်ဆိုတဲ့ စည်းမျဉ်းမရှိပေမဲ့ သွားဆေးခန်း၊ ခွဲစိတ်ဆရာဝန်အနေနဲ့ လူနာရဲ့ဝေဒနာခံစားရမှုနဲ့ ရောဂါပိုးကူးစက်နိုင်မှုကို ထည့်သွင်းစဉ်းစားရလိမ့်မယ်လို့ ဝူဟန်စတုတ္ထဆေးရုံရဲ့ ခံတွင်းကျန်းမာရေးဌာန ရှင်းကွေ့လင်းက ပြောပါတယ်။

Ref: Man Has 23 Teeth Extracted and 12 Implants Done on the Same Day, Dies Shortly After
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply