ဇနီးဟောင်းအုတ်ဂူကို နေ့တိုင်းကျင်ငယ်ရည်နဲ့ လာပန်းသူ

9-29-2022-yyl-02.jpg

နယူးဂျာစီပြည်နယ်သားတစ်ယောက်ရဲ့ အငြိုးကြီးပုံက လူမှုကွန်ရက်မှာ လူပြောများတဲ့ အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၄၈ နှစ်က ကွာရှင်းပြတ်စဲခဲ့တဲ့ ဇနီးသည်ရဲ့အုတ်ဂူကို နေ့တိုင်းလာပြီး ကျင်ငယ်ရည်နဲ့ လာပန်းခဲ့တာပါ။

သူ့အမေရဲ့အုတ်ဂူကို လာကြည့်တိုင်း ကျင်ငယ်ရည်အနံ့ရပြီး အမှိုက်တွေ ရှုပ်ပွနေတာကို မသင်္ကာတဲ့ မိုက်ကယ်မာဖီက လျှို့ဝှက်ကင်မရာ တပ်ထားတော့မှ ဒီဖြစ်ရပ်ကို သိခဲ့တာပါ။ အဲဒီအမျိုးသားကြီးဟာ လွန်ခဲ့တဲ့ ၄၈ နှစ်က သူ့အမေနဲ့ ကွာရှင်းခဲ့တဲ့ ခင်ပွန်းဟောင်းဖြစ်ပြီး ၁၉၇၆ ခုနှစ်ကတည်းက အဆက်အသွယ် ပြတ်နေခဲ့တာပါ။ ဘယ်အငြိုးအတေးကြောင့် အခုလို လုပ်လဲဆိုတာတော့ မသိရသေးပါဘူး။

ဒါပေမဲ့ သူက မနက်တိုင်း ၆ နာရီဆိုရင် နယူးယော့ခ်မြို့ Tappan Reformed ဘုရားကျောင်းက သုဿန်ကို လာပြီး ဇနီးဟောင်းရဲ့အုတ်ဂူကို ကျင်ငယ်ရည်နဲ့ လာပန်းခဲ့တာပါ။ မိုက်ကယ်မာဖီက သူ့အမေအုတ်ဂူကို ကျင်ငယ်ရည်နဲ့ လာပန်းသူကို အရေးယူပေးစေလိုပေမဲ့ ရဲကတော့ အရေးယူပေးနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

Ref: Man Has Been Peeing “Almost Daily” on Grave of Ex-Wife He Divorced 48 Years Ago

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top