သူ တရားဝင်ကွာရှင်းလိုက်တာကို အမိုက်စားပုံတွေရိုက်ပြီး အောင်ပွဲခံခဲ့တဲ့ အမျိုးသမီး

11.4.2023-yyl-iamge-35.jpg

လောရန့် ဘရိုကီဟာ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းပြတ်စဲဖို့ ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရတာပါ။ လွတ်လပ်မှုကို ခံစားရဖို့ တရားဝင်ကွာရှင်းတဲ့လုပ်ငန်းစဥ်က အချိန် ၁ နှစ်ကြာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူဟာ တရားဝင်ကွာရှင်းပြတ်စဲနိုင်ခဲ့ပါတယ်။

လောရန့်က တရားဝင်ကွာရှင်းပြီးတဲ့နောက်မှာ အမိုက်စားဓာတ်ပုံတွေ ရိုက်ပြီး အောင်ပွဲခံဖို့ စိတ်ကူးမိခဲ့ပါတယ်။ သူ့အမေနဲ့ သူငယ်ချင်းတွေရဲ့အကူအညီနဲ့ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့ပါတယ်။တရားဝင်ကွာရှင်းတာကို အောင်ပွဲခံဖို့ ရိုက်ခဲ့တဲ့ဓာတ်ပုံတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

လောရန့်က အဲဒီဓာတ်ပုံတွေကို “အရင်နှစ်က ခက်ခဲခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ဒါကို ကျော်လွှားနိူင်ခဲ့တယ်။ အခုလိုဓာတ်ပုံရိုက်ကူးတာက ကျွန်မ လုပ်နိုင်မယ်လို့ မထင်မှတ်တဲ့အချိန်မှာတောင် လုပ်နိုင်ခဲ့တာအတွက် သတိပေးချက်တစ်ခုဖြစ်ခဲ့တာပါ။ ဒါက ပျော်စရာကောင်းခဲ့တယ်။ ကွာရှင်းတာက ခက်ခဲတယ်။ ရုပ်ဆိုးအကြည်းတန်တယ်။ ရိုးရိုးသားသားပြောရရင် လက်ထပ်တဲ့အချိန် စိတ်ကူးမိတဲ့ အရာမဟုတ်ဘူး။ အခြားသူတွေကိုလည်း ဒီလိုမဖြစ်စေလိုဘူး။ ဒါပေမဲ့ ကျွန်မကတော့ ဒါကြီး ပြီးဆုံးသွားတဲ့အတွက် အရမ်းဝမ်းသာတယ် “ဆိုတဲ့စာသားနဲ့အတူ တင်ခဲ့တာပါ။

သူ အရင်က နေထိုင်ခဲ့တဲ့ဘဝကို နောက်ဆုံးနှုတ်ဆက်စကားပြောခဲ့ပါတယ်။ “ဒါဆို အခု ဘဝစာမျက်နှာအသစ်နဲ့ အခြားအရာတွေအားလုံးလာတော့မယ်။ ဘဝသင်ခန်းစာတွေအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ငါ လုပ်တယ်..ငါ လုပ်ခဲ့တယ်…ငါ လုပ်ပြီးသွားပြီ”တဲ့။လော့ရန်ရဲ့ဘဝစာမျက်နှာသစ်တစ်ခု စတင်ဖို့ ရဲရင့်တဲ့ခြေလှမ်းတွေက လူမှုကွန်ယက်အသုံးပြုသူတွေကို လှုံ့ဆော်မှုဖြစ်ခဲ့ပါတယ်။

Ref: Woman Celebrates ‘Ugly’ Divorce With A Savage Photoshoot & The Internet Is All For It

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top