American Idol မှာ သီချင်းဆိုနေတုန်း ဘောင်းဘီကွဲသွားခဲ့တဲ့ ကေတီပယ်ရီ

30-2-2022-yyl03.jpg

အမေရိကန်အဆိုတော် ကေတီပယ်ရီဟာ American Idol သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေနဲ့အတူ သီချင်းဆိုနေတုန်း ဒူးကွေးပြီး ကလိုက်ချိန်မှာ ဘောင်းဘီကွဲသွားခဲ့လို့ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ကေတီပယ်ရီက သူ့ရဲ့နာမည်ကျော်သီချင်း Teenage Dream ကို ဆိုနေတုန်း ဒူးကွေးလိုက်ချိန်မှာ ဘောင်းဘီချုပ်ရိုး ပွင့်ထွက်သွားခဲ့တာပါ။

ပရိသတ်တွေက အံ့အားသင့်နေချိန်မှာ ကေတီပယ်ရီက ” တိတ်လေးများ ရနိုင်မလား” လို့ ဆိုခဲ့ပါတယ်။ အဲဒီနောက်မှာ ကယ်တီပယ်ရီက ဘောင်းဘီကွဲနေတဲ့ နေရာကို တိတ်ပတ်ခိုင်းခဲ့ပြီး သူ့ခုံမှာ သွားပြန်ထိုင်နေခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် ကေတီပယ်ရီက တောင်းပန်ခဲ့သလို ” ကျွန်မရဲ့ကိုယ်ကျပ်ဘောင်းဘီကြောင့် ရှင်တို့နှလုံးသားတွေကို ဒုန်းစိုင်းစေခဲ့ပြီ” လို့လည်း အရွှန်းဖောက်ခဲ့ပါတယ်။

Ref: CNN “Katy Perry split her pants during ‘American Idol’ performance”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top