ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်မှ အမျိုးသားတစ်ဦးကတော့ ပိုလာဝက်ဝံကို လက်ဗလာနဲ့ နပန်းလုံးပြီး ဇနီးဖြစ်သူကို ကာကွယ်ပေးခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့နံနက် ၅ နာရီဝန်းကျင်အချိန်က ခွေးတွေ ပျောက်နေလို့ အိမ်အပြင်ထွက်ရှာရင်း ပိုလာဝက်ဝံရဲ့ တိုက်ခိုက်မှု ကြုံခဲ့ရတာပါ။ ပိုလာဝက်ဝံ တိုက်ခိုက်လို့ ဇနီးဖြစ်သူ မြေပြင်ပေါ် လဲကျသွားချိန်မှာ ခင်ပွန်းက ပိုလာဝက်ဝံကို ခုန်အုပ်ပြီး နပန်းလုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိမ်နီးနားချင်းတွေ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်ခဲ့လို့ ဝက်ဝံ ထွက်ပြေးသွားခဲ့တာပါ။
ဒီဖြစ်ရပ်မှာ ခင်ပွန်းဖြစ်သူရဲ့ လက်နဲ့ခြေထောက်တွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရခြင်းတော့ မရှိပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီးနောက် သူ့ကို ဒေသန္တာရဆေးရုံထံ ပို့ဆောင်ပေးခဲ့ပြီး သိပ်မကြာခင် ပြန်လည်သက်သာလာဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ပိုလာဝက်ဝံ တိုက်ခိုက်ခံရမှုဟာ ကြုံတောင့်ကြုံခဲ ဖြစ်ပေမဲ့ အာတိတ်ဒေသရဲ့ ဝေးလံခေါင်သီတဲ့နေရာတွေမှာတော့ အစာရှာထွက်လာတဲ့ ပိုလာဝက်ဝံတွေနဲ့ ဒေသခံတွေ တည့်တည့်တိုးပြီး တိုက်ခိုက်ခံရတာမျိုး ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။
Ref: Man Jumps On Polar Bear To Save His Wife — And Lives To Tell The Tale
NZ ( ရိုးရာလေး)