အိမ်ခေါင်မိုးပေါ်ပြုတ်ကျလာတဲ့ ဥက္ကာခဲကြောင့် ပွပေါက်တိုးခဲ့တဲ့အမျိုးသား

19-11-2020-yyl-015.jpg

အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတစ်ဦးကတော့ သူ့အိမ်ခေါင်မိုးပေါ်ကို ပေါင် ၁.၄ သန်းတန် ဥက္ကာခဲ ပြုတ်ကျလာခဲ့ပြီးတဲ့နောက်မှာ ငွေအများကြီးပိုင်ဆိုင်သွားခဲ့ပါတယ်။ ဥက္ကာခဲက အသက် ၃၃ နှစ်အရွယ် ဂျိုရှာ ဟူတာဂါလွန် (Josua Hutagalung) ရဲ့အိမ်ခေါင်မိုးကနေ တဆင့်ပြုတ်ကျလာခဲ့တာဖြစ်ပါတယ်။ အဲဒီဥက္ကာခဲက အလေးချိန် ၂.၁ ကီလိုဂရမ်နဲ့ သက်တမ်းကတော့ နှစ်ပေါင်း ၄.၅ ဘီလျံဝန်းကျင်ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဥက္ကာခဲဟာ သြဂုတ်လက ဂျိုရှာရဲ့အိမ်ခေါင်မိုးပေါ်ကို ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ ဥက္ကာခဲရောင်းဖြစ်ခဲ့တာကတော့ စက်တင်ဘာလကဖြစ်ပါတယ်။

ဥက္ကာခဲက အလွန်ရှားပါးတဲ့အမျိုးအစား CM1/2 carbonaceous Chondrite ဖြစ်ပြီး ပေါင် ၁.၄ သန်းဝန်းကျင် တန်ဖိုးရှိတယ်လို့လည်း သတင်းဌာနအရ သိရပါတယ်။ ဂျိုရှာကတော့ ဥက္ကာခဲကြောင့် ငွေတော်တော်များများကို ရရှိသွားခဲ့ပါတယ်။ “ကျွန်တော် ဥက္ကာခဲကို မ, ကြည့်လိုက်တော့ ကျောက်တုံးက နွေးနေတုန်းပါပဲ။ ကျွန်တော်လည်း အိမ်ထဲ သယ်လာခဲ့တယ်။ အိမ်ကို အရမ်းလှုပ်ခါသွားလောက်တဲ့အထိ အသံက အရမ်းကျယ်လောင်ခဲ့တာပါ။ ကျွန်တော် ရှာဖွေကြည့်ခဲ့တော့ အိမ်ခေါင်မိုး ပျက်စီးနေတာကို မြင်တွေ့ခဲ့ရတယ်” လို့ ဂျိုရှာက ဆိုပါတယ်။

“ဒီကျောက်တုံးက လူတွေ ဥက္ကာခဲလို ခေါ်ခေါ်နေတဲ့ ကောင်းကင်က အရာဝတ္ထုတစ်ခုဖြစ်ရမယ်လို့ ကျွန်တော် သံသယရှိခဲ့တယ်”လို့လည်း ဆိုပါတယ်။ ကလေး (၃) ဦးဖခင် ဂျိုရှာက သူရရှိခဲ့တဲ့ ဝင်ငွေ တစ်စိတ်တစ်ပိုင်းကို သူ့ရဲ့အဖွဲ့အစည်းအတွက် ဘုရားကျောင်းဆောက်လုပ်ဖို့ အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဂျိုရှာ မျှော်လင့်ထားတဲ့ဒီတစ်ခုတည်းမဟုတ်ပါဘူး။ “ကျွန်တော် သမီးလေးတစ်ယောက် အမြဲလိုချင်ခဲ့တာ။ အခုဆိုရင် ဒါက သမီးလေးတစ်ယောက်ရဖို့အတွက် ကျွန်တော်ကံကောင်းမယ်ဆိုတဲ့ လက္ခဏာဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်” လို့ ဂျိုရှာက ပြောပါတယ်။

ဂျိုရှာရဲ့အိမ်ခေါင်မိုးပေါ် ဥက္ကာခဲပြုတ်ကျတာကို အမေရိကန်က သုတေသီတွေ သိရှိသွားပြီးတဲ့နောက်မှာ ဥက္ကာခဲကို ဝယ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ မလေးရှားမှာ နေထိုင်နေတဲ့ အမေရိကန်လူမျိုးဥက္ကာခဲကျွမ်းကျင်ပညာရှင် ဂျာရက် ကိုလင်စ် ( Jared Collins) ကို ပြောခဲ့ပါတယ်။ အစကတော့ ဂျိုရှာဟာ ဥက္ကာခဲကသူ့မိသားစုနဲ့ ရွာအတွက် ကောင်းတဲ့ကံကြမ္မာလို့ ယုံကြည်ထားတာကြောင့် အဲဒါကို ရောင်းဖို့ တွန်းဆုတ်မိခဲ့တယ်။ ရက်အနည်းငယ်အကြာမှာတော့ ဥက္ကာခဲအကျိုးအပဲ့အစိတ်အပိုင်းလေး ၉၄.၂ ဂရမ်ဝန်းကျင်လောက်ကို အရင်ဆုံးရောင်းခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာလအလယ်မှာတော့ ကျန်ရှိနေတဲ့ဥက္ကာခဲအကုန်လုံးကို ရောင်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်က သုတေသီတွေ ဝယ်ခိုင်းလို့ ဝယ်ပေးရတဲ့ ကိုလင်စ်ကတော့ “ဥက္ကာခဲကို ဝယ်ယူဖို့ ကျွန်တော် ဖုန်းကို ကောက်ကိုင်လိုက်တယ်။ ဒါက ကိုဗစ်ကပ်ရောဂါအချိန်အခါကြီးမှာပါပဲ။ ကျွန်တော် သုတေသီတွေနဲ့စုဆောင်းသူတွေနဲ့ အလုပ်လုပ်ကိုင်ဖို့အတွက် ဝယ်ယူတာပေးတာပါ။ ကျွန်တော် ငွေတွေကို သယ်ဆောင်လာခဲ့ပြီး ဂျိုရှာကို သွားရှာခဲ့တယ်” လို့ ပြောပါတယ်။

အခုဆိုရင် ကိုလင်စ်က ဥက္ကာခဲကို The Centre for Meteorite Studies မှာ နိုက်ထရိုဂျင်အရည်ထဲ သိမ်းဆည်းထားမယ့် အမေရိကန်ဥက္ကာခဲစုဆောင်းသူ ရှိတဲ့အမေရိကန်နိုင်ငံသို့ပို့ဆောင်ပြီးသွားပါပြီ။

Ref: Ladbible “Man Makes Fortune In A Day After £1.4m Meteorite Crashes Through His Roof”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top