လီဗာပူးတိုက်စစ်မှူး ဆာလာနဲ့ အာဆင်နယ်ကွင်းလယ်လူ အယ်နီနီတို့ Positive ရလဒ် ထွက်နေသေးလို့ အီဂျစ်မှာ ဆက်နေရမယ်

19-11-2020-yyl-014.jpg

လီဗာပူးတိုက်စစ်မှူး ဆာလာနဲ့ အာဆင်နယ်ကွင်းလယ်လူ အယ်နီနီတို့ ၂ ယောက်ကို ဒုတိယအကြိမ် စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိနေဆဲပဲလို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့သောကြာနေ့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက်ပိုင်း သီးသန့်ခွဲခြားနေထိုင်ခဲ့ရပြီး တိုဂိုနဲ့ ကစားခဲ့တဲ့ အီဂျစ်အသင်းရဲ့ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ ၂ ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။ အယ်နီနီကတော့ တိုဂိုနဲ့ကစားတဲ့ ပထမပွဲမှာ ပါဝင်ကစားခဲ့ပေမဲ့ ပြီးခဲ့တဲ့တနင်္လာနေ့က တိုဂိုနိုင်ငံမှာ ဆေးစစ်ကြည့်တော့ ရောဂါပိုးရှိနေတာ တွေ့ရှိခဲ့တာပါ။

ဒုတိယအကြိမ် ဆေးစစ်မှုတွေမှာ ရောဂါပိုးမရှိလို့ အဖြေထွက်ခဲ့ရင် သူတို့ ၂ ယောက်လုံး ဗြိတိန်နိုင်ငံကို ပြန်လာခွင့်ရမှာဖြစ်ပေမဲ့ ရောဂါပိုးရှိနေဆဲဖြစ်လို့ အီဂျစ်မှာပဲ ဆက်နေရမှာဖြစ်ပြီး လာမယ့်တစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ( လီဗာပူး – လက်စတာ၊ လိဒ် – အာဆင်နယ်) လွဲချော်ရမှာပါ။

လီဗာပူးတိုက်စစ်မှူး ဆာလာဟာ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့တုန်းက ကိုင်ရိုမြို့မှာ သူ့အစ်ကိုရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ အဖြေမပေါ်ခင် အီဂျစ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။

Ref: Dailymail ” BREAKING NEWS: Mohamed Salah and Mohamed Elneny are STILL testing positive for coronavirus”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top