ရဲတွေက အမေရိကန်အမျိုးသားတစ်ဦးကို ယူတာပြည်နယ်၊ အနောက်ဂျော်ဒန်က ဘဏ်တစ်ခုမှာ လုယက်မှုနဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီအမျိုးသားက အသက် ၃၅ နှစ်အရွယ် မိုက်ကယ် ဂရန့် ရော်ဘင်ဆန်ဆိုသူပါ။
ဖြစ်စဉ်ကတော့ ဒီလိုပါ။ မိုက်ကယ် ဂရန့် ရော်ဘင်ဆန် ဟာ Campus View Drive ရှိ Wells Fargo Bank ထဲ ဝင်ပြီးတော့ ငွေကိုင်ကို “ငါ့မှာ လက်နက်ရှိတယ်…ဒေါ်လာ ၁၀၀၀ လိုအပ်တယ်”ဆိုတဲ့ လက်ရေးမှတ်စုစာကို ပေးခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ဂျာကင်အင်္ကျီကို ဖယ်ပြီးတော့ ဓားရဲ့လက်ကိုင်ရိုးကို ပြခဲ့ပါတယ်။ ဒါပေမဲ့ ငွေကိုင်က ဓားရိုးကို သေနတ်လို့ ထင်သွားခဲ့တာပါ။ ငွေကိုင်က သူ့မှာ ၂၀ တန် ဒေါ်လာ ၁၄၀ ပဲရှိတယ်လို့ ပြောပါတယ်။ မိုက်ကယ်က ဒေါ်လာ ၁၄၀ ပဲ လက်ခံပြီး ဘဏ်ထဲကနေ ထွက်သွားခဲ့ပါတယ်။
မိုက်ကယ်က Puerto Vallarta Mexican Grill လို့ခေါ်တဲ့ မက္ကဆီကိုစားသောက်ဆိုင်ထဲဝင်ပြီး ဒေါ်လာ ၁၉.၅၃ ကျသင့်တဲ့ အစားအသောက်ကို မှာယူခဲ့ပါတယ်။ အစားအသောက်တွေစားပြီးနောက် ဘဏ်ကနေ ရလာခဲ့တဲ့ ကျန်ငွေတွေအားလုံးကို ဘောက်ဆူးအနေနဲ့ စားပွဲထိုးကောင်လေးကို ပေးပစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ မိုက်ကယ်ကို ဘဏ်လုယက်မှုမှာ သံသယရှိသူရဲ့ဖော်ပြချက်နဲ့ ကိုက်ညီတာကြောင့် ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဘဏ်ရဲ့CCTV မှတ်တမ်းထဲမှာလည်း မိုက်ကယ်ဆိုတာကို ဖော်ပြနေပါတယ်။
မိုက်ကယ်ရဲ့ဇာတ်လမ်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ကာ သူ့ရဲ့လုပ်ရက်နဲ့ပတ်သက်ပြီး လူတချို့က ရယ်ရခက် ငိုရခက်ဖြစ်သွားခဲ့ရပါတယ်။ တချို့ကဆိုရင် ဆင်းရဲသားတွေကို ပေးကမ်းဖို့ ချမ်းသာတဲ့သူတွေဆီက ဓားပြတိုက်ခဲ့တယ်လို့ ပြောဆိုခဲ့ကြသလို တချို့ကတော့ သူ့ရဲ့လုပ်ရပ်အတွက် ထောင်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ ပြောထားပါတယ်။
Ref: Man Robs Bank Of $140, Eats $20 Mexican Food, Leaves Rest In Tip: ‘Took From Rich, Gave To Poor’
WL (ရိုးရာလေး)

