တက္ကဆက်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာ အမျိုးသား

APD__Man_arrested_after_kidnapping__sexu_1_81313929_ver1.0_1280_720.jpg

ပြီးခဲ့တဲ့ တနင်္လာနေ့က တက္ကဆက်ပြည်နယ်၊ အမာရီလိုမြို့ မြောက်ပိုင်းမှာ အပျိုပေါက်အရွယ် မိန်းကလေး တစ်ဦးကို ပြန်ပေးဆွဲ လိင်ပိုင်းဆိုင်ရာ နှောက်ယှက် စော်ကားတဲ့ မှုခင်းတစ်ခုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ အမျိုးသားကို များမကြာမီမှာပဲ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်ခံရတဲ့ မိန်းကလေးငယ်ဟာ စက်ဘီးစီး ထွက်လာစဉ်မှာ အဝါရောင် SUV ကားနဲ့ အမျိုးသားရဲ့ အတင်းအဓမ္မ ခေါ်ဆောင်သွားတာကို ခံခဲ့ရတာဖြစ်တယ်လို့ ရဲအရာရှိတွေက ပြောခဲ့ပါတယ်။ ကျူးလွန်သူ အမျိုးသားက မိန်းကလေးကို အိမ်တစ်လုံးဆီကို ခေါ်ဆောင်သွားခဲ့ပြီး သူ(မ) ပြန်လည်လွတ်မြောက် မလာခင်အထိ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားခံခဲ့ရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားစဉ် ကျူးလွန်သူ မောင်းနှင်ခဲ့တယ်လို့ ယူဆရတဲ့ ကားတစ်စင်းကို အိမ်တစ်လုံးအနားမှာ တွေ့ရှိခဲ့ပြီးတဲ့နောက်မှာ ကားပိုင်ရှင်ဖြစ်သူ အသက် (၅၂) နှစ်အရွယ် မြန်မာလူမျိုး မိုးဆွေ အမည်ရတဲ့လူဆီ ဆက်သွယ်ခဲ့ကြပါတယ်။

အမာရီလိုရဲဌာနက စုံစမ်း စစ်ဆေးရေး အရာရှိတွေက စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ မိုးဆွေဟာ တရားခံဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။ ဒါကြောင့် ပေါ်တာကောင်တီက ဖမ်းဝရမ်းထုတ်အပြီးမှာပဲ ပြစ်မှုကျူးလွန်သူ မိုးဆွေကို ဖမ်းဆီးခဲ့ကြပြီး ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုတွေနဲ့ စွဲချက်တင်ထားပြီ ဖြစ်ပါတယ်။

Ref: Myhighplains “Man arrested after kidnapping, sexual assault of juvenile in north Amarillo”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top