၁၉ ရက်ဆက်တိုက် မအိပ်ဘဲ နေခဲ့သူ

19.4.2023-yyl-iamge-1.jpg

ရောဘတ် မက်ဒေါ်နယ်ဆိုတဲ့အမျိုးသားဟာ ၄၅၉ နာရီနဲ့ ၁၄ မိနစ်ကြာ (၁၉ ရက်) မအိပ်ဘဲ နေခဲ့တာပါ။ အဲဒါက ၁၉၈၆ ခုနှစ်ကပါ။ အဲဒီတုန်းက သူဟာ အချိန်အကြာကြီးနိုးထနေနိုင်သူအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တာပါ။ မက်ဒေါ်နယ် အခုလိုစံချိန်ချိုးခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းက ဘယ်လောက်ကြာကြာနိုးထနေနိုင်လဲဆိုတာကို စောင့်ကြည့်မှတ်တမ်းတင်တာကို ရပ်တန့်ပစ်ခဲ့ပါတယ်။ ဘယ်လောက်ကြာအိပ်ရေပျက်ခံနိုင်တာလဲဆိုတာကို စောင့်ကြည့်တာက လူ့ကို အန္တရာယ်ဖြစ်စေတာကြောင့်ပါ။ အဲဒီအချိန်ကနေစပြီး မက်ဒေါ်နယ်ရဲ့စံချိန်ကို ဘယ်သူကမှ မချိုးနိုင်ခဲ့ပါဘူး။

မက်ဒေါ်နယ်မတိုင်ခင်က အသက် ၁၇ နှစ်အရွယ် ကျောင်းသား ၂ ယောက်ဖြစ်တဲ့ ရမ်ဒီ ဂါနာနဲ့ ဘရု မက်အက်လီစတာတို့က ဒီစံချိန်ကို ချိုးခဲ့တာပါ။ သူတို့ရဲ့သိပ္ပံပရောဂျက်အတွက် ဘရုမက်အက်လီစတာက စိတ်ကူးရခဲ့ပြီး ရန်ဒီက ၂၆၄ နာရီ (၁၁ ရက်) မအိပ်ဘဲနေနိုင်ခဲ့တာပါ။ သူတို့ ငယ်ရွယ်စဉ်မှာ အချိန်အကြာကြီးမအိပ်ဘဲနေတာရဲ့အကျိုးဆက်ကို မသိမြင်ခဲ့ဘဲ ရူးမိုက်ခဲ့ကြတယ်လို့ ဘရု မက်အက်လီစတာက ၂၀၁၈ ခုနှစ်ရဲ့အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။

ရမ်ဒီ ဂါနာဆိုရင် အိပ်ချိန်နည်းပါးတာကြောင့် သူ့ရဲ့ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်၊ ခံယူချက်၊ လှုံ့ဆော်မှု၊ မှတ်ဉာဏ်တွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သူက အာရုံသိပ်မစိုက်နိုင်တာ၊ စိတ်အာရုံချောက်ချားတာ၊ ထင်ယောင်ထင်မှားဖြစ်တာတွေလည်း ရှိခဲ့ပါတယ်။ အသက် ၆၀ မှာ အိပ်မပျော်တဲ့ရောဂါဖြစ်လာခဲ့ပါတယ်။ ၁၀ နှစ် နီးပါးအကြာ အိပ်မပျော်ပြီးတဲ့နောက်မှသာ ပြန်အိပ်နိုင်သွားခဲ့တာပါ။ ဒါပေမဲ့ တစ်ညကို ၆ နာရီပဲ အိပ်နိုင်ပါတယ်။

Ref: Man Sets World Record By Staying Awake For 19 Days Straight

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top