ဇနီးသည် မျက်မမြင်စိတ်ချမ်းသာစေဖို့ ပန်းရောင် ပန်းခင်းစိုက်ပျိုးပေးသူ

flower.gif

လူတိုင်း ချစ်သူအတွက် Romantic ဆန်ကြပေမယ့် ပုံမှာမြင်တွေ့နေရတဲ့ အဘိုးအိုလောက် Romantic ဆန်သူ ရှိနိုင်တော့မှာ မဟုတ်ကြောင်း သတင်းမီဒီယာများမှာ ဂုဏ်ပြုရေးသားကြပါတယ်။

အကြောင်းကတော့ သူ့ရဲ့ ဇနီးသည် အတွက် ပန်းရောင်ပန်းခင်ကို စိုက်ပျိုးပေးလို့ပါ။ ဂျပန်နိုင်ငံရဲ့ မြို့ငယ်တစ်ခုမှာ နေထိုင်တဲ့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း နှစ် ၆၀ ရှိပါပြီ။ အိမ်ထောင်သက်တမ်း နှစ် ၃၀ မှာပဲ အမျိုးသမီးဖြစ်သူက ဆီးချို ရောဂါကြောင့် မျက်စိစကွယ်ပါတော့တယ်။ သားသမီး နှစ်ဦးလည်း ရှိပြီး သူတို့ကတော့ အလုပ်ကိုယ်စီနဲ့ မြို့ကြီးတွေမှာ သွားရောက်လုပ်ကိုင်နေပါတယ်။

အသက် ၈၀ ကျော်ပြီဖြစ်တဲ့ Toshiyuki Kuroki နဲ့ သူ့ရဲ့ ဇနီးတို့ဟာ ဇနီးသည် မျက်စိမကွယ်ခင်တုန်းကတော့ ကမ္ဘာပတ် ခရီးသွားပြီး ဘဝရဲ့ နောက်ဆုံး အချိန်များကို ဖြတ်သန်းဖို့အတွက် စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် မိန်းမဖြစ်သူဟာ ကံမကောင်း အကြောင်းမလှလို့ မျက်စိကွယ်ရပါတယ်။ လောကကြီးကို မမြင်နိုင်တော့လို့ စိတ်ဓာတ်တွေ အင်မတန်ကျပြီး ညစဉ် ငိုကြွေးပါတယ်။ ဒါကို မြင်ပြီးတော့ မခံစားနိုင်တဲ့ အဖိုးအိုက သူ့အနားမှာ နေ့စဉ် စောင့်ရှောက်ဖေးပေးရင်း အကြံတစ်ခုရပါတယ်။ ယင်းတော့ ပန်းခင်းစိုက်ဖို့ ဖြစ်ပါတယ်။

တော်ရုံလူ မစိုက်ပျိုးနိုင်တဲ့ ပန်းခင်းမျိုးကို စိုက်ပျိုးပြီး လာကြည့်သူများကို စွဲဆောင်ဖို့ပါ။ ဒီတော့ လူတွေလာလည်ရင် သူ့ဇနီးကို စကားပြောမယ်ပေါ့။ အဲ့ကျရင် သူ့ရဲ့ ဇနီးဟာ အထီးကျန်ဆန်မှု မဖြစ်တော့မှာ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒါကို ရည်ရွယ်ပြီး စိုက်ပျိုးလိုက်တဲ့အခါ အိမ်နီးနားချင်တွေတင် မကပဲ ကမ္ဘာ့လှည့် ခရီးသည်များပါ လာရောက် ကြည့်ရှုတဲ့အထိ စွဲဆောင်နိုင်ခဲ့ပါတယ်။ ပန်းရောင်သန်းတဲ့ ပန်းတစ်မျိုးကို သေချာ ဂရုစိုက် စိုက်ပျိုးခဲ့လို့ ဖြစ်ပါတယ်။ မတ်လနဲ့ ဧပြီလဟာ ပန်း အပွင့်ဆုံး ရာသီဖြစ်ပြီး ယင်းအချိန်မှာ အင်မတန်လူများပါတယ်။

တစ်ချိန်တုန်းက လယ်လုပ်ခဲ့တဲ့ ဇနီးသည်ဖြစ်တာကြောင့် နွားမွေးခဲ့တဲ့ ခြံလည်း ရှိပါတယ်။ ယင်းနေရာကိုလည်း Toshiyuki Kuroki ဟာ သူနဲ့ သူ့ရဲ့ ဇနီးတို့ စတင်တွေ့ရှိခဲ့တဲ့ အမှတ်တရကနေ ယနေ့အထိ အမှတ်တရများကို ပြတိုက်သဖွယ် ဖန်တီးထားပါတယ်။ ရောက်ကြည့်ရှုသူများဟာ ပန်းအလှကိုတင် ခံစားရခြင်း မဟုတ်ပဲ အသက် ၈၀ ကျော် အဘိုးအို၊ အဘွားအိုးတို့ရဲ့ နှစ်ရှည်ကြာ ချစ်ခြင်းကိုပါ ခံစားရရှိမိတာကြောင့် ကြည်နူးစရာ ရသများကို ခံစားရရှိစေမှာ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top