ရွှေနဲ့ပြုလုပ်ထားတဲ့ Mask ကိုဝတ်ဆင်ဖို့အတွက် ကန်ဒေါ်လာ ၄,၀၀၀ ကျော် အကုန်အကျခံခဲ့သူ

7-7-2020-yyl-006.jpg

COVID-19 အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ဘယ်လိုအရာမျိုးမဆို လုပ်ဖို့ကြိုးစားနေကြတဲ့ ကမ္ဘာကြီးမှာ အိန္ဒိယအမျိုးသား တစ်ယောက်ကတော့ ရွှေနဲ့လုပ်ထားတဲ့ Mask ကို ဝတ်ဆင်ဖို့အတွက် ပိုက်ဆံအများကြီး ကုန်ကျခံခဲ့ပါတယ်။ အဲဒီအမျိုးသားက ပီယွန်မြို့က ရှန်ကာ ကူဟာ ဆိုသူ စီးပွားရေးသမား ဖြစ်ပြီး COVID-19 ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ကြိုးစားနေတာပါ။ သူက (၈) ရက်ကျော်လောက် အချိန်ယူပြီး ရွှေအစစ် (၆၀) ဂရမ်နဲ့ ပြုလုပ်ထားတဲ့ Mask အတွက် ရင်းဂစ် (၁၇,၁၅၀) (အမေရိကန်ဒေါ်လာ ၄၀၀၀) ကျော် အကုန်အကျခံခဲ့တာဖြစ်ပါတယ်။ အဲဒါက အရမ်းတန်ဆာဆင်ထားတဲ့၊ အရမ်းဈေးကြီးတဲ့ Mask ပါပဲ။

အဲဒီMask က အသက်ရှုရတာလည်း အဆင်ပြေတယ်လို့သိရပါတယ်။ ဒါပေမဲ့ Mask က COVID-19 အန္တရာယ်ကို ကာကွယ်ဖို့အတွက် လုံးဝထိရောက်မှုရှိလားဆိုတာကိုတော့ မသေချာဘူးလို့ ရှန်ကာက ဝန်ခံထားပါတယ်။ သူက Mask ဝတ်တာအပြင် အခြားကြိုတင်ကာကွယ်မှုတွေနဲ့ အလေ့အကျင့်ဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ “ဒါက ပါးလွှာတဲ့ Maskဖြစ်ပြီး အသက်ရှုနိုင်ဖို့အတွက် အလွန်သေးငယ်တဲ့ စိမ့်ပေါက်တွေရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ကျွန်တော့်ကို ကာကွယ်ဖို့ ထိရောက်မှုရှိလားတော့ ကျွန်တော်မသေချာပါဘူး။ ဒါပေမဲ့ အခြားကြိုတင်ကာကွယ်မှု တွေလုပ်နေပါတယ်”လို့ ရှန်ကာက ပြောပါတယ်။

ရှန်ကာက ရွှေတွေဝတ်ပြီး အပြင်ထွက်လေ့ထွက်ထရှိတဲ့ သူတစ်ယောက်လို့လည်းသိရပါတယ်။ အပြင်ထွက်တဲ့အခါ လက်ကောက်၊ ဆွဲကြိုးနဲ့ လက်စွပ်အပါအဝင် ရွှေလက်ဝတ်လက်စားတွေကို ဝတ်ရတာကြိုက်နှစ်သက်တယ်လို့ ရှန်ကာကပြောပါတယ်။ သူက လက်စွပ်ဝတ်ရင်လည်း လက်ချောင်းတွေအကုန်လုံးမှာ ဝတ်ဆင့်လေ့ရှိပါတယ်။

ငွေနဲ့ပြုလုပ်ထားတဲ့ Mask ကို ဝတ်ဆင်တဲ့ အမျိုးသမီးတစ်ယောက် အကြောင်းကို မီဒီယာတစ်ခုက တင်ခဲ့တာကိုမြင်ပြီး ရွှေနဲ့ပြုလုပ်ထားတဲ့ Mask ကို ဝတ်ဆင်ဖို့ စိတ်ကူးရခဲ့တာဖြစ်တယ်လို့ ရှန်ကာက ပြောပါတယ်။ “လူတွေက ဆယ်ဖီရိုက်ဖို့ ကျွန်တော့်ကို တောင်းဆိုကြပါတယ်။ ဈေးမှာ ရွှေနဲ့ပြုလုပ်ထားတဲ့ Mask ကို ဝတ်ဆင်လာတဲ့သူ့ကို လူတွေမြင်တဲ့အခါ သူတို့က တအံ့တသြနဲ့ကြည့်ကြတာပါ”လို့ ရှန်ကာက ဆိုပါတယ်။

လက်ရှိမှာတော့ အိန္ဒိယနိုင်ငံက ရောဂါကူးစက်ခံရသူ (၇၂၀,၃၄၆) ဦး နဲ့ သေဆုံးသူ (၂၀,၁၇၄) ဦးနဲ့ ကမ္ဘာပေါ်မှာ တတိယမြောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အများဆုံးနိုင်ငံဖြစ်ပါတယ်။

Ref: Worldofbuzz ‘Man Spends RM17,150 For ‘Golden Face Mask’ To Protect Himself From Coronavirus’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top