နေအိမ်ဖောက်ထွင်းခံရလို့ ဖီအိုရင်တီးနားမှာ ရစ်ဘာရီ ဆက်ကစားဖို့ မသေချာ

7-7-2020-yyl-004.jpg

ပြီးခဲ့တဲ့အားလပ်ရက်မှာ သူ့ရဲ့နေအိမ် ဖောက်ထွင်းခံရပြီးနောက် သူ့မိသားစုရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အတွက် ဖီအိုရင်တီးနားမှာ ဆက်ကစားဖြစ်ဖို့ မသေချာသေးဘူးလို့ ပြင်သစ်တောင်ပံကစားသမား ရစ်ဘာရီက ပြောပါတယ်။ ဖီအိုရင်တီးနားနဲ့ ပါးမားအသင်း ပွဲကစားနေတုန်း ရစ်ဘာရီရဲ့နေအိမ် ဓားပြတိုက်ခံခဲ့ရတာပါ။ ပြင်သစ်တောင်ပံကစားသမား ရစ်ဘာရီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်ကနေ ဖီအိုရင်တီးနားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပြီး စီးရီးအေပွဲစဉ် ၁၅ ပွဲ ကစားရာမှာ ၃ ဂိုး သွင်းယူထားသူပါ။

ရစ်ဘာရီက ပါးမားနဲ့ပွဲစဉ် ကစားနေတုန်း ဓားပြတွေက သူ့အိမ်ကို ဖောက်ထွင်းပြီး ရိုးလက်စ်နာရီ ၂ လုံး၊ ကာတီးယားစိန်တိုက်လုပ် ဟန်းချိန်းတစ်ခု၊ ရွှေထည်ပစ္စည်းတွေနဲ့ တန်ဖိုးမြင့်အမှတ်တံဆိပ် အိတ် ၁၀ လုံး ယူဆောင်သွားခဲ့ပါတယ်။ ဒါ့အပြင် ပရိဘောဂပစ္စည်းတွေကို ဖျက်စီးခဲ့ပြီး အဝတ်အစားတွေကိုလည်း ဖွထားခဲ့ကြပါတယ်။ အခင်းဖြစ်ပွားချိန်မှာ ရစ်ဘာရီရဲ့မိသားစုတွေက မြူးနစ်မြို့မှာ နေထိုင်နေတာပါ။ ရစ်ဘာရီက အိမ်ပြန်ရောက်ချိန်မှာ သူ မြင်တွေ့လိုက်ရတဲ့ ဖရိုဖရဲမြင်ကွင်းကို ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့သလို ဖီအိုရင်တီးနားမှာ ဆက်ကစားဖို့ ချင့်ချိန်ရမယ်လို့ ဆိုခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top