၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲက စတင်နေပြီဖြစ်တာကြောင့် ကမ္ဘာ့တစ်ဝှမ်းက ဘောလုံးပရိသတ်တွေဟာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ တချို့ကတော့ အိမ်ကနေ အားပေးနေကြသလို တချို့ကတော့ ဘောလုံးကွင်းထဲအထိ သွားရောက်အားပေးကြည့်ရှုနေကြပါတယ်။
ထိုင်ဝမ်နိုင်ငံက ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဆိုရင် ဘောလုံးချစ်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အိုင်ဒေါက မက်ဆီပါ။ သူဟာ ကမ္ဘာ့ဖလားဘောလုံးပွဲသွားကြည့်ဖို့အတွက် အလုပ်ကနေတောင် ထွက်ခဲ့ပါတယ်။ အလုပ်ထွက်ရတဲ့အကြာင်းအရင်းနေရာမှာ ကမ္ဘာဖလားကြည့်ဖို့လို့ ရေးထားပါတယ်။ “ကမ္ဘာ့ဖလားသွားကြည့်ဖို့ ဘယ်သူက အလုပ်ကထွက်မလဲ…အဲ့ဒါက ကျွန်မပါပဲ။ မက်ဆီ.. ကျွန်မလာပြီ”လို့ အဲ့ဒီအမျိုးသမီးရေးသားထားပါတယ်။
သူက အလုပ်ထွက်စာရဲ့ပုံကို လူမှုကွန်ယက်ပေါ်မှာတင်ခဲ့တာပါ။ အလုပ်မထွက်ခင်က သူ ဘာအလုပ်လုပ်ခဲ့လဲဆိုတာကိုတော့ ပြောပြမထားပါဘူး။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုယ်တိုင်သွားကြည့်ဖို့က သူ ငယ်ငယ်ကတည်းက အိပ်မက်မက်ခဲ့တာပါ။ အခု ၂၀၂၆ ခုနှစ်မှာ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ ပြောထားပါတယ်။ သူက အမေရိကန်ကို သူငယ်ချင်းဖြစ်သူနဲ့အတူ ဘောလုံးပွဲသွားကြည့်မှာဖြစ်ပါတယ်။
Ref: Woman Cites Going “To Watch The World Cup” As Reason For Quitting Job In Resignation Form
WL (ရိုးရာလေး)

