တောမီးလောင်ချိန်မှာ ရေကူးကန်ထဲ ရေငုပ်ရင်း အသက်ရှင်လွတ်မြောက်ခဲ့တဲ့ အမျိုးသား

11.7.2024-yyl-4.jpg

သြစတြေးလျအမျိုးသားတစ်ဦးဟာ တောမီးလောင်ကျွမ်းမှု ကြုံတွေ့ချိန် ရေကူးကန်ထဲ ရေငုပ်ရင်း အသက်ရှင် လွတ်မြောက်ခဲ့တဲ့အကြောင်း ပြန်ပြောပြခဲ့ပါတယ်။ အသက် ၅၃ နှစ်အရွယ်ရှိတဲ့ ပီတာဖာဘရီစီဟာ သြစတြေးလျနိုင်ငံ အနောက်ပိုင်းမှာ နေထိုင်သူပါ။ လွန်ခဲ့တဲ့ နှစ်ပိုင်းအတွင်း သူတို့ဒေသမှာ ဧက ၇၀၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး နေအိမ် ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တဲ့ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

တောမီး ကူးစက်ပျံ့နှံ့လာချိန်မှာ တခြားသူတွေက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပေမဲ့ ဖာဘရီစီကတော့ သူ့အိမ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မီးခိုးတွေကြားမှာ အသက်ရှူမကြပ်အောင် နေနိုင်ဖို့ စကူဘာရေငုပ် ကိရိယာတွေ တပ်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ ပိုဆိုးလာလို့ ဖာဘရီစီက သူ့အိမ်နီးနားချင်းရဲ့ ရေကူးကန်ထဲ သွားနေခဲ့ရပါတယ်။ တောမီးက သူ့လမ်းကြောင်းတစ်လျှောက် ကူးစက်ပျံ့နှံ့သွားချိန်မှာ ဖာဘရီစီက ရေကူးကန်ထဲ ၅ မိနစ်ကြာ ရေငုပ်နေခဲ့တာပါ။

အဲဒီတောမီးလောင်ကျွမ်းမှုမှာ ဖာဘရီစီရဲ့ နေအိမ်ကတော့ မီးလောင်ပျက်စီးမှုကနေ လွတ်မြောက်သွားခဲ့ပါတယ်။

Ref: Man Survives Wildfire By Scuba Diving In Pool While Fire Raged Around Him
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top