ကာဂျစ်စတန်နိုင်ငံရဲ့ အမျိုးသားဦးထုပ်ကို ယဉ်ကျေးမှုအမွေအနှစ်စာရင်း ထည့်သွင်း

yyl-010-13.jpg

ကာဂျစ်စတန်တစ်မျိုးသားလုံး ဝတ်ဆင်ကြတဲ့ဦးထုပ်(kalpak)ကို ယူနက်စကိုက ထိတွေ့ကိုင်တွယ်မရတဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း ထည့်သွင်းခဲ့ပါတယ်။ ကာဂျစ်စတန်အမျိုးသားတွေ ဝတ်ဆင်ကြတဲ့ အဖြူ၊ အမည်း လေးကွက်ကြားဦးထုပ်ဟာ ခေါင်းလောင်းပုံစံရှိပြီး အနက်ရောင်အနားကွပ်ကို အပေါ်ဘက်လှန်တင်ထားပါတယ်။ ဒီဦးထုပ်ဟာ ကာဂျစ်စတန်နိုင်ငံရဲ့ နှင်းဖုံးနေတဲ့ တောင်တွေပုံသဏ္ဍာန် ဖန်တီးထားတာလို့ ကာဂျစ်စတန်နိုင်ငံသားတွေက ယုံကြည်နေပါတယ်။

ကယ်ပက်(kalpak)ဦးထုပ်ကို အထိမ်းအမှတ်လုပ်တဲ့နေ့လည်း သတ်မှတ်ထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ ခွေးတစ်ကောင်ကို ကယ်ပက်ဦးထုပ် ဆောင်းပေးထားတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအတွက် ကယ်ပက်ဦးထုပ်အပေါ် လေးစားမှုကင်းမဲ့ရင် ပြစ်မှုအဖြစ် သတ်မှတ်နိုင်မယ့် ဥပဒေကြမ်း ပြဋ္ဌာန်းနိုင်ဖို့ ကာဂျစ်စတန်လွှတ်တော်မှာ အချေအတင် ဆွေးနွေးနေကြပါတယ်။ အခုနှစ်အတွက် ယူနက်စကိုရဲ့ နှစ်စဉ်အစည်းအဝေးမှာ ကယ်ပက်ဦးထုပ်အပါအဝင် ယဉ်ကျေးမှုအမွေအနှစ် ၄၀ ကို ယူနက်စကိုရဲ့ ထိတွေ့ကိုင်တွယ်မရတဲ့ အမွေအနှစ်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top