ဟောင်ကောင်မြို့ ဆန္ဒပြခေါင်းဆောင်တစ်ဦး တူနဲ့ထုခံရလို့ ဆေးရုံရောက်

yyl-18-011.jpg

ဟောင်ကောင်မြို့ရဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြခေါင်းဆောင်တစ်ယောက်ဟာ တူနဲ့ထုနှက်ခံခဲ့ရလို့ ဆေးရုံရောက်ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ Civil Human Rights Front(CHRF)အဖွဲ့ခေါင်းဆောင် ဂျင်မီရှမ်းဟာ သွေးအလိမ်းလိမ်းနဲ့ လမ်းပေါ်လဲကျနေတာ တွေ့ရပါတယ်။ ကာလွန်းကျွန်းဆွယ်၊ မုန်းကော့ခရိုင်မှာ တူတွေကိုင်ထားတဲ့ အမျိုးသား(၅)ယောက်က ဂျင်မီရှမ်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့အတွက် ဦးခေါင်းဒဏ်ရာရရှိခဲ့တာလို့ CHRF အဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုက ဟောင်ကောင်အစိုးရကို အားပေးထောက်ခံသူတွေနဲ့ ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်း ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေ တိုက်ခိုက်ခံရမှုအတွက်လည်း အစိုးရအပေါ် အားပေးထောက်ခံသူတွေကို သံသယမကင်းဖြစ်နေကြပါတယ်။ ဂျင်မီရှမ်းဟာ ဆေးရုံကိုသွားတဲ့လမ်းတစ်လျှောက် အသိစိတ်လွတ်သွားခဲ့ခြင်းမရှိသလို သူ့ရဲ့ကျန်းမာရေးအခြေအနေကို စိတ်ချရတယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ ကုသမှုခံယူနေရပေမဲ့ အကြမ်းမဖက်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြရမယ်ဆိုတဲ့ အတွေးအမြင်ကို ဂျင်မီရှမ်းက ဆက်ပြီးကိုင်စွဲထားတုန်းပဲလို့ CHRF အဖွဲ့က ဆိုပါတယ်။ ဟောင်ကောင်မြို့မှာ ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂျင်မီရှမ်းအနေနဲ့ ဒုတိယအကြိမ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top