(၁) မိနစ်အတွင်း သရုပ်ပြမှုအများဆုံးလုပ်နိုင်လို့ ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ခွေးလေး (၂) ကောင်

27-1-2021-yyl-10.jpg

(၁) မိနစ်အတွင်း သရုပ်ပြမှု ၂၈ ခုလုပ်နိုင်ပါ့မလား။ ကယ်လီဖိုးနီးယားပြည်နယ်က ဝှစ်ချ် (Wish) နဲ့ ဟာလို (Halo) အမည်ရတဲ့ ခွေးလေး (၂) ကောင်ကတော့ (၁) မိနစ်အတွင်း သရုပ်ပြမှုများစွာလုပ်နိုင်လို့ ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်ခဲ့ပါပြီ။

ဘော်ဒါကိုလီခွေးလေးတွေက (၁) မိနစ်နဲ့ သရုပ်ပြမှုအများဆုံးလုပ်ခဲ့ပါတယ်။ ဝှစ်ချ်ကလည်း ၂.၁၇၅ စက္ကန့်နဲ့ (၅) မီတာအကွာအဝေးကို လျင်မြန်စွာ တွားသွားနိုင်တဲ့ စံချိန်ကို ချိုးခဲ့တယ်လို့ Guinness World Records က ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။ ခွေးလေးတွေနဲ့ သူတို့ကို လေ့ကျင့်သင်ကြားပေးသူ အယ်မလီ လာဟမ် (Emily Larlham) တို့က ဒီဇင်ဘာ၂၂ ရက်နေ့မှာ ဂင်းနစ်စံချိန်ဝင်ဖို့ စာရင်းသွင်းတင်ပြအပြီး အတည်ပြုချက်ရခဲ့တာဖြစ်ပါတယ်။

လာဟမ်က သူ့ရဲ့ခွေးတွေကို သင်ကြားပေးဖို့အတွက် အပြုသဘောဆောင်တဲ့ လေ့ကျင့်ရေးကိုပဲ လုပ်ခဲ့တာပါ။ အခြားအိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေကို ကူညီပေးဖို့ ရည်ရွယ်ပြီး ဖွင့်ထားတဲ့ YouTube Channel လည်း ရှိပါတယ်။ သူ့ရဲ့YouTube Channel မှာ ဗီဒီယို ၃၅၀ ကျော်ရှိနေပါပြီ။ ဝှစ်ချ်၊ ဟာလိုတို့နဲ့ အတူ နောက်ထပ် ခွေး (၃) ကောင်ကလည်း သူ့သခင်ကို YouTube Tutorial ဗီဒီယိုတွေလုပ်တဲ့အခါမှာ ကူညီပေးကြပါတယ်။ လာဟမ်က Dogmantica Dog Training ဆိုတဲ့စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ထားပြီး သူ့ရဲ့YouTube ဗီဒီယိုတွေကြောင့် လူသိများပါတယ်။

Ref: CNN “Two dogs from California just set the world record for most tricks performed in a minute”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top