နှစ် ၂၀ တိုင်တိုင် စတိုးဆိုင်တစ်ဆိုင်တည်းမှာ ထီထိုးခဲ့သူ ဒေါ်လာ ၁ သန်းဆု ဆွတ်ခူး

27.6.2024-yyl-2.jpg

နှစ် ၂၀ လုံးလုံး စတိုးဆိုင်တစ်ဆိုင်တည်းမှာပဲ ထီထိုးခဲ့တဲ့ အမျိုးသားဟာ နောက်ဆုံးမှာတော့ ဒေါ်လာ ၁ သန်းဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်မှာ နေထိုင်သူ ဝီလျံလာလီဟာ ရိုစလင်းဒါလီမြို့၊ ဝါရှင်တန်လမ်းမှာရှိတဲ့ ရိုစလင်းဒါလီစတိုးမှာ နှစ် ၂၀ တိုင်တိုင် ထီထိုးလာခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ဝီလျံလာလီက ဒေါ်လာ ၂၀ တန် 100X Cashword ထီလက်မှတ် ဝယ်ယူခဲ့ပြီး ခဲခြစ်ကံစမ်းရာမှာ ဒေါ်လာ ၁ သန်းဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ လာလီက ထီဆုကြေးကို တစ်လုံးတစ်ခဲတည်း ယူဖို့ ဆုံးဖြတ်ခဲ့ပြီး အခွန်မဆောင်မီ ဆုကြေးငွေ ဒေါ်လာ ၆၅၀၀၀၀ ရရှိခဲ့ပါတယ်။ ဝီလျံလာလီကို ထီလက်မှတ် ရောင်းပေးခဲ့တဲ့ စတိုးဆိုင်ကတော့ ဒေါ်လာ ၁ သောင်း ရခဲ့ပါတယ်။

Ref:Man wins $1M lottery prize at store he has visited for 20 years
NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top