အွိုင်လာကိန်းဂဏန်း အလုံးရေ ၁၄၀၀၀ ကို ၄၉ မိနစ်အတွင်း နှုတ်တိုက်ရွတ်ပြပြီး အိန္ဒိယနိုင်ငံသားတစ်ဦး ကမ္ဘာ့စံချိန်သစ် တင်

4.9.2024-yyl-8.jpg

မှတ်ဉာဏ်အလွန်ကောင်းတဲ့ အိန္ဒိယအမျိုးသားတစ်ဦးဟာ အွိုင်လာကိန်းဂဏန်း အလုံးရေ ၁၄၀၀၀ လုံးကို ၄၉ မိနစ်အတွင်း နှုတ်တိုက်ရွတ်ပြနိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ ဒီပူဗီဟာ ကိန်းဂဏန်းတွေနဲ့ပတ်သက်ရင် အလွန်မှတ်ဉာဏ်ကောင်းသူဖြစ်ပြီး အီရာရှင်နယ်ကိန်း အလုံးရေ ၂၀၀၀ ကို နှုတ်တိုက်ရွတ်ပြပြီး အိန္ဒိယနိုင်ငံရဲ့ တစ်နိုင်ငံလုံးစံချိန် တင်ခဲ့ဖူးသူပါ။ ဒါ့အပြင် ဖုန်းနံပါတ် ၅၀၀ ကိုလည်း အလွတ်မှတ်ထားနိုင်ပြန်ပါသေးတယ်။

ဒီပူဗီဟာ အွိုင်လာကိန်းဂဏန်းတွေကို ရွတ်ဖတ်ပြီး ဂင်းနက်စ်စံချိန်တင်နိုင်ဖို့အတွက် ၄လကြာ အချိန်ယူပြင်ဆင်ခဲ့ပြီး (ယခင်စံချိန်ဟောင်းဖြစ်တဲ့ ကိန်းဂဏန်း အလုံးရေ ၁၀၁၂၂ နှုတ်တိုက်ရွတ်ပြနိုင်မှုကို) အွိုင်လာကိန်းဂဏန်း အလုံးရေ ၁၄၀၀၀ ကို ၄၉ မိနစ်အတွင်း နှုတ်တိုက်ရွတ်ပြခဲ့တာပါ။ သူဟာ တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ တစ်နေ့ကို ကိန်းဂဏန်းအလုံးရေ ၂၅၀ ကို ကျက်မှတ်လေ့ရှိပြီး ကျန်ရှိတဲ့ရက်တွေမှာတော့ ကျက်ထားပြီးသား ကိန်းဂဏန်းတွေကို တစ်ပေါင်းတစ်စည်းတည်း မှတ်သားရွတ်ဆိုနိုင်အောင် ကြိုးပမ်းခဲ့တာပါ။

အွိုင်လာကိန်းဂဏန်းဆိုတာ အီရာရှင်နယ်ကိန်းဖြစ်ပြီး ၂.၇၁၈၂၈ နဲ့ စတင်ပါတယ်။ ကိန်းဂဏန်းတွေဟာ တစ်လုံးနဲ့တစ်လုံး ထပ်ခြင်းမရှိပါဘူး။ ကိန်းဂဏန်းတစ်လုံး မှားသွားရုံ၊ ကိန်းတစ်လုံးနဲ့တစ်လုံးကြား ၁၆ စက္ကန့်ကြာ အချိန်ယူ စဉ်းစားရုံနဲ့ စံချိန်တင် ကြိုးပမ်းမှု ကျရှုံးမှာဖြစ်ပေမဲ့ ဒီပူဗီက အဲဒီလို အခြေအနေကို အောင်မြင်ကျော်လွှားနိုင်ခဲ့တာပါ။

Ref: Man with Amazing Memory Recites 14,000 Digits in Order to Set World Record
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top