နိုင်ဂျီးရီးယားအမျိုးသမီး ဖန်တီးတဲ့ ကမ္ဘာ့အရှည်ဆုံး ဆံပင်တု

16.11.23-yyl-10.jpg

နိုင်ဂျီးရီးယားအမျိုးသမီးတစ်ဦးဟာ ၁၁ ရက်ကြာ အချိန်ယူပြီး ကမ္ဘာ့အရှည်ဆုံး ဆံပင်တု ဖန်တီးကာ စံချိန်သစ် တင်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ဆံပင်တုဖန်တီးသူ ဟယ်လန်ဝီလျံ ဖန်တီးတဲ့ ဆံပင်တုဟာ ၁၁၅၂ ပေ၊ ၅ လက်မ ရှည်လျားပြီး ဂင်းနက်စ် စံချိန် တင်နိုင်ခဲ့တာပါ။

ဝီလျံဟာ ဆံပင်တု ၁၀၀၀ ၊ ဆံပင်ဖျန်းဆေး ၁၂ ဘူး၊ ကော် ၃၅ ဘူး၊ ဆံပင်ညှပ်ကလစ် ၆၂၅၀ ကို အသုံးပြုပြီး ဆံပင်တု ဖန်တီးခဲ့တာပါ။ ဝီလျံဟာ ဆံပင်တု ဖန်တီးတဲ့ သက်တမ်း ၈ နှစ်ရှိပြီး တစ်ပတ်ကို ဆံပင်တု ၅၀ ကနေ ၃၀၀ ကြား ဖန်တီးလေ့ရှိပါတယ်။

” ကမ္ဘာ့အရှည်လျားဆုံး ဆံပင်တုဖန်တီးဖို့ ပစ္စည်းတွေ ရှာဖွေရတာ မလွယ်ကူပါဘူး။ ဆံပင်တုဖန်တီးမှု အတွေ့အကြုံကြောင့်သာ အခုလို ဖန်တီးနိုင်ခဲ့တာပါ” လို့ ဝီလျံက ဆိုပါတယ်။

Ref: Nigerian woman’s wig measures 1,152 feet and 5 inches long

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top