မြန်မာပရိသတ်တွေ အားကျရတဲ့ ထိုင်းမင်းသားချော Mark Prin နဲ့ မင်းသမီးချော Kimmy Kimberley တို့စုံတွဲရဲ့ Pre Wedding ဓာတ်ပုံတွေက ထွက်ရှိလာခဲ့ပါပြီ။ မင်္ဂလာမဆောင်ခင် တစ်ရက်အလိုမှာ သူတို့စုံတွဲက သူတို့ရဲ့အင်စတာဂရမ်အကောင့်ကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ။







ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲကျ အီတလီမှာ မင်္ဂလာပွဲကျင်းပမှာဖြစ်ပါတယ်။ သူတို့စုံတွဲက ချစ်သူသက်တမ်း ၉ နှစ်ကျော်အကြာမှာ အခုလိုလက်ထပ်လိုက်တာလည်းဖြစ်ပါတယ်။ Mark Prin က Kimmy ကို ပြီးခဲ့တဲ့နှစ် ဧပြီ ၁၇ ရက်နေ့က ဆွစ်ဇလန်မှာ လက်ထပ်ခွင့်တောင်းခဲ့ပြီး ပြီးခဲ့တဲ့လ ၂၆ ရက်နေ့မှာတော့ သူတို့စုံတွဲစေ့စပ်ခဲ့ကြပါတယ်။







Ref: Mark Prin and Kimmy Kimberley’s Pre Wedding
WL (ရိုးရာလေး)