Lockdown လုပ်ထားချိန်မှာ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ အဖမ်းခံရ

intl0403.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တောင်အာဖရိကနိုင်ငံတစ်ဝန်း လူစုလူဝေးမလုပ်ဖို့ တားမြစ်ပိတ်ပင်ထားချိန်မှာ မင်္ဂလာဆောင် ကျင်းပခဲ့လို့ သတို့သား၊ သတို့သမီးနဲ့ မင်္ဂလာပွဲ တက်ရောက်သူပရိသတ်အားလုံး ထိန်းသိမ်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကွာဇူးလူးနာတယ်မြို့မှာ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်ကို ရဲတွေ ရောက်ရှိလာပြီး ပူပူနွေးနွေး ဇနီးမောင်နှံနှစ်ယောက်နဲ့ အခမ်းအနားကို ကြွရောက်ချီးမြှင့်တဲ့ သင်းအုပ်ဆရာအပါအဝင် မင်္ဂလာပွဲလာ ပရိသတ် ၅၀ ကို ရဲစခန်းခေါ်သွားခဲ့ပါတယ်။ လာမယ့်တနင်္လာနေ့မှာ သူတို့တွေကို စွဲချက်တင်မှာဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၅၅ ယောက်ရှိနေပြီး လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီအတွက် ကမ္ဘာ့အတင်းကျပ်ဆုံး ပိတ်ဆို့မှုလုပ်ထားတာ အခုဆိုရင် သီတင်းပတ် ၂ ပတ်ရှိနေပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top