COVID-19 ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် အသားစားဖို့ မွေးမြူနိုင်တဲ့ တိရစ္ဆာန်စာရင်းမူကြမ်းကို တရုတ်အစိုးရ ထုတ်ပြန်

intl0402.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေချိန်မှာ အသားစားဖို့ မွေးမြူနိုင်မယ့် တိရစ္ဆာန်အမျိုးအစားစာရင်း မူကြမ်းကို တရုတ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ ပင်လယ်စာဈေးကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တယ်လို့ ထင်မှတ်နေကြပါတယ်။

COVID-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားပြီးနောက်မှာတော့ သားရဲတိရစ္ဆာန်ရောင်းချမှုအားလုံးကို တရုတ်နိုင်ငံက ယာယီပိတ်ပင်လိုက်ပါတယ်။ ဒါပေမဲ့ ဥပဒေသစ်ကိုတော့ အတည်ပြုပြဋ္ဌာန်းရခြင်းမရှိသေးပါဘူး။ တရုတ်နိုင်ငံ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ မွေးမြူရေးတိရစ္ဆာန်စာရင်းမူကြမ်းမှာ ဝက်၊ နွား၊ ကြက်၊ သိုး၊ သမင်၊ အယ်လပါကာကောင်၊ ငှက်ကုလားအုတ် အစရှိတဲ့ တိရစ္ဆာန်တွေ ပါဝင်ပါတယ်။ မြေခွေး၊ ရက်ကွန်းဝက်ဝံနဲ့ မြွေပါမွေးရှည်တို့ကို မွေးမြူရေးတိရစ္ဆာန်အဖြစ် မွေးမြူနိုင်ပေမဲ့ အသားစားဖို့အတွက် မွေးမြူခွင့်မရှိဘူးလို့ ဆိုပါတယ်။ လူသားတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေခဲ့တယ်လို့ သိပ္ပံပညာရှင်တွေ ယူဆထားတဲ့ သင်းခွေချပ်၊ လင်းနို့၊ ကြောင်ကတိုး စတဲ့ တိရစ္ဆာန်တွေကတော့ ဒီစာရင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။ တရုတ်နိုင်ငံမှာ ခွေးသားစားကြလေ့ရှိပေမဲ့ ဒီစာရင်းမှာ ခွေးတွေလည်း မပါခဲ့ပါဘူး။ ဒီစာရင်းကို အတည်ပြုနိုင်မယ်ဆိုရင်တော့ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေအတွက် အောင်ပွဲတစ်ရပ် ဖြစ်လာမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top