ဧဝရက်တောင်ထိပ် တက်ရောက်သူတွေအတွက် စည်းမျဉ်းသစ် ထုတ်ပြန်ဖို့ အဆိုပြုထား

everest.jpg

ဧဝရက်တောင်ထိပ် တက်ရောက်သူတွေအတွက် စည်းမျဉ်းသစ် ထုတ်ပြန်ဖို့ အဆိုပြုထား

ဧဝရက်တောင်ထိပ် တက်ရောက်ချင်ရင် ဝါရင့်တောင်တက်သမားဖြစ်တယ်ဆိုတာ သက်သေပြခိုင်းသင့်တယ်လို့ နီပေါအစိုးရရဲ့ အကြံပေးအဖွဲ့က အဆိုပြုထားပါတယ်။ အခုနှစ်အစောပိုင်းက ဧဝရက်တောင်မှာ သေဆုံးသူ ဒါမှမဟုတ် ပျောက်ဆုံးသူ ၁၁ ယောက်ရှိခဲ့ပြီး လူ ၄ ယောက်ကတော့ တောင်ပေါ်မှာ လူကျပ်လွန်းလို့ သေခဲ့ရတာလို့ ဆိုပါတယ်။

ဧဝရက်တောင်ထိပ်ကို တက်ရောက်ချင်သူတွေဟာ နီပေါနိုင်ငံထဲမှာရှိပြီး အနည်းဆုံး မီတာ ၆၅၀၀(ပေ ၂၁၃၂၅) မြင့်တဲ့ တောင်ထိပ်ကို တက်ဖူးရမယ်လို့ အကြံပေးအဖွဲ့က အဆိုပြုထားပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအသိအမှတ်ပြုလက်မှတ် တင်ပြပြီး ဝါရင့်လမ်းပြတွေလည်း ငှားရမ်းမှ တောင်တက်ခွင့်ပေးမယ်လို့ ဆိုပါတယ်။
ဧဝရက်တောင်ထိပ် တက်ရောက်ချင်သူတွေကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၅၀၀၀ ပေးသွင်းခိုင်းပြီး မီတာ ၈၀၀၀ ထက် မြင့်တဲ့ တခြားတောင် တက်ချင်သူတွေကို အမေရိကန်ဒေါ်လာ ၂၀၀၀၀ ပေးသွင်းခိုင်းရမယ်လို့ အကြံပေးအဖွဲ့က အဆိုပြုပါတယ်။

ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံးအနက် တောင် ၈ လုံးက နီပေါနိုင်ငံမှာ ရှိပြီး တောင်တက်သမားတွေက နီပေါနိုင်ငံအတွက် ဝင်ငွေစီးကြောင်းတစ်ခု ဖြစ်နေပါတယ်။ နီပေါအစိုးရဟာ အခုနှစ်တောင်တက်ရာသီမှာ ဧဝရက်တောင် တက်ရောက်ခွင့်လက်မှတ် ၃၈၁ ခု ထုတ်ပေးခဲ့ပြီး တစ်ရာသီအတွင်း လက်မှတ်အများဆုံးထုတ်ပေးတဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top