ဇာတ်လမ်းတွဲမှာတင်မဟုတ်ဘဲ အပြင်မှာပါ လက်ထပ်ကြတော့မယ့် “Marry My Husband” ဇာတ်လမ်းတွဲထဲက စုံတွဲ

19.8.2024-yyl-6-1.jpg

တောင်ကိုရီးယားမင်းသား ဂျန်ဂျေဟို နဲ့ မင်းသမီး ဂုံမင်ဂျွန်တို့ဟာ ဇာတ်လမ်းတွဲတစ်ခုမှာ စုံတွဲအဖြစ်သရုပ်ဆောင်ပြီးတဲ့နောက် တကယ့်လက်တွေ့ဘဝမှာလည်း လက်ထပ်ကြတော့မှာဖြစ်ပါတယ်။ သူတို့လက်ထပ်တော့မယ်ဆိုတာကို ဩဂုတ် ၁၆ ရက်နေ့က အတည်ပြုပေးခဲ့တာပါ။

မင်းသမီးဂုံမင်ဂျွန်က News1 သတင်းဌာနကို ဖုန်းကနေတဆင့် ဖြေကြားပေးခဲ့ပါတယ်။ သူနဲ့ သူ့ရဲ့တွဲဖက်သရုပ်ဆောင်ဂျန်ဂျေဟိုတို့ဟာ စက်တင်ဘာလမှာ လက်ထပ်တော့မှာဖြစ်တယ်လို့ အတည်ပြုဖြေကြားခဲ့ပါတယ်။ မိသားစုတွေ၊ ရင်းနှီးတဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲ သီးသန့်မင်္ဂလာပွဲကျင်းပသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

သူတို့နှစ်ဦးက ၁၉၈၆ ခုနှစ်ဖွားတွေဖြစ်ပြီး အသက်အရွယ်အတူတူပါပဲ။ အခုနှစ်အစောပိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ Marry My Husband မှာ ဇနီးမောင်နှံအဖြစ် သရုပ်ဆောင်ခဲ့ကြတာပါ။ သူတို့နှစ်ဦးက အဲ့ဒီဇာတ်ကားမှာအတူတူမပါဝင်ခင်ကတည်းက အချင်းချင်းသိပြီးသားဖြစ်တယ်လို့ သိရပါတယ်။

Ref: “Marry My Husband” Couple Gong Min Jung And Jang Jae Ho To Get Married In Real Life

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top