ကင်ဆာရောဂါသည်မိခင်အတွက် (၂) နှစ်ကြာ ဆံပင်အရှည်ထားပြီး ဆံပင်အတုလုပ်ပေးခဲ့သူ

25-7-2022-yyl11.jpg

ကင်ဆာရောဂါသည်မိခင်အတွက် (၂) နှစ်ကြာ ဆံပင်အရှည်ထားပြီး ဆံပင်အတုလုပ်ပေးခဲ့သူ

အရီဇိုးနားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ သားဖြစ်သူကြောင့် ဆံပင်တုပိုင်ဆိုင်ခဲ့ရပါပြီ။ မီလနင် ရှာဟာဆိုတဲ့ အဲဒီအမျိုးသမီးက ဦးနှောက်အကျိတ်ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်ကုသမှုခံယူပြီးနောက် ၂၀၁၈ခုနှစ်မှာ ဆံပင်တွေ ဆုံးရှုံးသွားခဲ့ရတာပါ။ မီလနင်က သူ ဆံပင်မရှိတဲ့အတွက် နာကျင်စရာကောင်းတဲ့ အရာတွေကို လူတွေက ပြောကြတယ်။ နေမကောင်းဖြစ်လို့ စိတ်မပျက်ပေမဲ့ နေမကောင်းတဲ့ပုံဖြစ်နေရတာကို စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

ဆံပင်မရှိတော့တဲ့ မီလနင်နဲ့ သားဖြစ်သူ မက်သရူ

တစ်နေ့တော့ သားဖြစ်သူ မက်သရူးနဲ့ နေ့လည်စာစားတဲ့အချိန် မက်သရူးက ပြောပါတယ်။ “အမေ့အတွက် ဆံပင်အတုလုပ်ပေးဖို့ ကျွန်တော် ဘာလို့ ဆံပင်ရှည်မထားရမှာလဲ”တဲ့။ အဲဒီလိုနဲ့ မက်သရူးက သူ့အမေအတွက် ဆံပင်အတုလုပ်ပေးချင်တာကြောင့် (၂) နှစ်ကြာ ဆံပင်အရှည်ထားခဲ့ပါတယ်။

ဆံပင်အရှည်ကို ညှပ်နေပုံ

အခုနှစ် မတ်လမှာ သူ့ရဲ့ဆံပင်က သူ့အမေအတွက် ဆံပင်အတုလုပ်ပေးဖို့ အရှည် ၁၂ လက်မရှိတော့ ညှပ်ပစ်ခဲ့ပါတယ်။ မက်သရူးက သူ့ဆံပင်နဲ့ ဆံပင်အတုလုပ်ဖို့အတွက် Compassionate Creations ဆံပင်အတုဆိုင်ကိုလည်း ဒေါ်လာ ၂၀၀၀ ပေးခဲ့ပါတယ်။ ဇွန်လမှာ Compassionate Creations က ဆံပင်အတုကို မီလနင်တို့သားအမိဆီ ပို့ပေးခဲ့တာပါ။ မီလနင်အတွက်တော့ သူ့ရဲ့ဆံပင်အသစ်က သားဖြစ်သူရဲ့ဆံပင်နဲ့လုပ်ထားတဲ့အတွက် တန်ဖိုးကြီးအရာတစ်ခုပါပဲ။

မီလနင်နဲ့ ဆံပင်ညှပ်ပြီးသွားတဲ့ မက်သရူး

မျက်ခုံးမွေး၊ မျက်တောင်မွေး၊ ဆံပင်မွေးတွေ ဆုံးရှုံးလိုက်တာကြောင့် အရင်တုန်းက ပုံပန်းအသွင်အပြင်ဖြစ်လာဖို့ ဒါက ကြီးမားတဲ့လက်ဆောင်တစ်ခုပါပဲ။ ဒါက တကယ်ကို ကောင်းတယ်လို့ မီလနင်က ဆိုပါတယ်။ သားဖြစ်သူ မက်သရူးကလည်း အမေနဲ့ ဒီဆံပင်အတုနဲ့ လိုက်တယ်လို့ ပြောပါတယ်။

သားဖြစ်သူရဲ့ဆံပင်နဲ့ လုပ်ထားတဲ့ ဆံပင်အတုနဲ့ မီလနင်

Ref: People.com “Arizona Man Grows Out His Hair for 2 Years in Order to Make a Wig for Mom Battling Brain Tumor”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top