ကားမှန်ရေသုတ်တံကို တီထွင်ဖန်တီးခဲ့ပေမဲ့ ငွေကြေးအကျိုးအမြတ် လုံးဝမရခဲ့သူ

wiper.jpg

ကားတစ်စီးမှာ အရေးပါတဲ့ အစိတ်အပိုင်းလို့ ဆိုရမယ့် မှန်ရေသုတ်တံ (Wiper)ကို တီထွင်ခဲ့သူကတော့ မေရီအန်ဒါဆန်ဆိုတဲ့ အမျိုးသမီးပါပဲ။ သူဟာ နယူးယော့ခ်မြို့ကို အလည်သွားရင်း ဆီးနှင်းတွေ၊ မိုးရေတွေကြောင့် ယာဉ်မောင်းတွေ ရှေ့မြင်ကွင်း ကောင်းကောင်းမမြင်ရတာကို သတိပြုမိခဲ့တာပါ။ အဲဒါကြောင့် ကားအပြင်ဘက် ထွက်စရာမလိုဘဲ ကားရှေ့မှန်ကာကို သုတ်နိုင်မယ့် ကိရိယာဖန်တီးဖို့ အကြံရခဲ့တာပါ။

၁၉၀၃ ခုနှစ်မှာ ကားမှန်ရေသုတ်တံကို ဖန်တီးခဲ့တာဖြစ်ပြီး သူ့ရဲ့ဖန်တီးမှုအတွက် မူပိုင်ခွင့် ရခဲ့ပေမဲ့ ကားထုတ်လုပ်သူတွေကတော့ မလိုအပ်တဲ့ ပစ္စည်းတစ်ခုလို့ သတ်မှတ်ခဲ့ကြပါတယ်။ ၁၉၂၀ ပြည့်နှစ်အရောက်မှာတော့ ကားရှေ့ကားမှန်ရေသုတ်တံက ကားတွေမှာ မပါမဖြစ် ပစ္စည်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။

အန်ဒါဆန်ရဲ့ တီထွင်ဖန်တီးမှုဟာ ယာဉ်အန္တရာယ်ကင်းရှင်းရေးကို သိသိသာသာ တိုးတက်ကောင်းမွန်စေခဲ့ပေမဲ့ အန်ဒါဆန်ကတော့ သူ့ဖန်တီးမှုကနေ ငွေကြေးအကျိုးအမြတ် တပြားတချပ်မှ မရခဲ့ပါဘူး။

Ref: Mary Anderson revolutionized road safety by inventing the windshield wiper

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply