“ယူနီကုဒ် ပြောင်းသုံးဖို့ ပြင်ဆင်ရာမှာ အသုံးတည့် အထောက်အကူဖြစ်စေမယ့် နည်းလမ်းရင်းမြစ်များ”

15.9.2019.jpg

ယူနီကုဒ် သို့မဟုတ် ပြည်ထောင်စုဖောင့်ကို စပြောင်းတော့မယ်ဆိုတာနဲ့ အဓိက လုပ်သင့်တဲ့ အချက်နှစ်ခုကတော့ ယူနီကုဒ်နဲ့ပဲ ဖတ်ဖို့ ရေးဖို့ပါ။ လက်ရှိသုံးနေတဲ့ ကွန်ပျူတာနဲ့ ဖုန်းမှာ ယူနီကုဒ်ဖောင့် ရှိရမှာဖြစ်ပြီး ရေးဖို့အတွက်လည်း ယူနီကုဒ် လက်ကွက် တစ်ခုခု ရှိရမှာဖြစ်ပါတယ်။ ယူနီကုဒ် လက်ကွက်ကို ထည့်သွင်းပြီးရင်လည်း လက်ကွက်နဲ့ စာရိုက်နည်းကို မသိသေးသူတွေအဖို့ လမ်းညွှန်ချက် လိုအပ်ပါလိမ့်မယ်။ အရင်က ဖုန်းထဲမှာ ဇော်ဂျီရေးသားထားမှု မှန်သမျှကို ယူနီကုဒ်အဖြစ် ပြောင်းလိုရင်တော့ Converter တစ်ခုခုကို လိုအပ်မှာ ဖြစ်ပါတယ်။

ယူနီကုဒ်ဖောင့်ကို စသုံးပြုမယ့်သူတွေ ကြုံတွေ့လာရမယ့် အမျိုးမျိုးသော အဆင်မပြေမှုတွေအတွက် လိုအပ်တဲ့ ဖြေရှင်းချက်တွေကို နည်းပညာကျွမ်းကျင်သူတွေက အွန်လိုင်းကတစ်ဆင့် ထောက်ပံ့ ဝေမျှပေးနေကြပြီး တစ်နေရာတည်းမှာ လိုသမျှ အကူအညီတွေ အစုံရနိုင်တဲ့နေရာကတော့ Unicode Today ဝက်ဘ်ဆိုက်ပါပဲ။ အဲဒီမှာ လိုအပ်တဲ့ ပြည်ထောင်စုဖောင့်ကီးဘုတ်တွေ၊ လက်ကွက်ရိုက်နည်းတွေနဲ့ ကွန်ဗာတာတွေကိုသာမကဘဲ ယူနီကုဒ် ပြောင်းထားပြီးနောက် ဇော်ဂျီနဲ့ ဖော်ပြတဲ့စာသားတွေကို အလိုအလျောက် ယူနီကုဒ်ကို ပြောင်းပေးမည့် အက်ပလီကေးရှင်းတွေကိုပါ ဒေါင်းလုပ်ရယူနိုင်မှာပါ။

Facebook ပေါ်မှာကတော့ Myanmar Unicode Area Group ဟာ ယူနီကုဒ် စတင်အသုံးပြုမယ့်သူတွေအတွက် အကောင်းဆုံး အကြံဉာဏ်ပေးနေတဲ့ Group တစ်ခုဖြစ်တာကြောင့် အဲဒီ Group ကိုရှာဖွေ member ဝင်ပြီး ယူနီကုဒ်နဲ့ပတ်သက်တဲ့ သိကောင်းစရာတွေကို လေ့လာ အကူအညီတောင်းနိုင်မှာ ဖြစ်ပါတယ်။ အောက်မှာဖော်ပြပေးထားတဲ့ လင့်ခ်ကတော့ ယူနီကုဒ် ပြောင်းသုံးရာမှာ အသုံးတည့်မယ့် အချက်အလက်များစွာကို စုစည်းပေးထားတဲ့ ပို့စ်လင့်ခ်ပါ။ လေ့လာမှတ်သားပြီး အဆင်ပြေပြေ သုံးစွဲနိုင်ကြပါစေလို့ ဆန္ဒပြုလိုပါတယ်။

ဒီတစ်ပတ်မှာတော့ ဖုန်းငွေဖြည့်ကတ်တွေ လက်ဆောင်ပြန်ပေးအပ်ဖို့ အစီအစဉ်လေးတစ်ခု ရှိပါတယ်။ စာဖတ်သူတွေအနေနဲ့ ကိုယ့်ဖုန်းမှာ လက်ရှိသုံးနေတဲ့ ကီးဘုတ်အမျိုးအစားကို Screenshot ရိုက်ပြီး ဒီပို့စ်အောက်မှာ comment ပေးခဲ့ရုံပါပဲ။ comment ပေးသူတွေထဲက ၁၀ ဦးကို ကျပန်းရွေးချယ်ပြီး ဖုန်းဘေလ် ၃၀၀၀ စီ ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဒီနေ့ စက်တင်ဘာ (၁၅) ရက် ည ၉ နာရီ နောက်ဆုံးထားပြီး comment ပေးရမှာပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top