TikTok မှ နောက်ဆုံးပေါ် Safety Feature များဖြင့် အပြုသဘောဆောင်သော ဒီဂျစ်တယ်ကွန်ရက်တစ်ခု တည်ဆောက်မည့် ကတိကဝတ်ကို အကောင်အထည်ဖော်လုပ်ဆောင်

Tiktok.png

TikTok မှ ယခုနှစ် World Mental Health Day ကို အသိအမှတ်ပြုသည့်အနေဖြင့် ဒီဂျစ်တယ် စိတ်ကျန်းမာရေးဆိုင်ရာ ကွန်ရက်တစ်ခုကို အကောင်ထည်ဖော်ဆောင်သွားမည်ဖြစ်ပြီး ၎င်းတို့ Platform ပေါ်တွင် မိမိ၏ စိတ်ကျန်းမာရေးကို ဂရုစိုက်ထိန်းသိမ်းရန်နည်းလမ်းများ သင်ကြားပေးမည့် ဗီဒီယိုများကို စတင်မိတ်ဆက်သွားမည်။

TikTok မှ ၎င်း၏ ကွန်ရက်ပေါ်တွင် သုံးစွဲသူများအတွက် စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး ပိုမိုလုံခြုံစွာ ဖွင့်ဟပြောဆိုနိုင်မည့် စကားဝိုင်းများအတွက် နေရာတစ်ခု ဖန်တီးတည်ဆောက်သွားမည်ဆိုသည့် ကတိက၀တ်အရ ယခုနှစ်၏ World Mental Health Day ကို အသိအမှတ်ပြုသည့်အနေဖြင့် “စိတ်ကျန်းမာရေး ဦးစားပေး” ဟူသော လှုပ်ရှားမှုကို ထိုကွန်ရက်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ထိုအပြင် ၁၈ နှစ် အထက် အသုံးပြုသူများ၏ စိတ်ကျန်းမာရေး ပိုမိုလိုအပ်ချက်များကို အသိအမှတ်ပြုသည့် အနေဖြင့် စိတ်ကျန်းမာရေးဆိုင်ရာ ဒီဂျစ်တယ်ကွန်ရက်ပေါ်၌လည်း Update အသစ်များကို တင်ပြသွားမည်ဖြစ်သည်။

TikTok ၏ မြန်မာနိုင်ငံဆိုင်ရာ Public Policy Manager ဖြစ်သူ မကြူကြူသိန်းက “ပိုမို အားကောင်းတဲ့ စိတ်ကျန်းမာရေး ပံ့ပိုးမှုစနစ်တွေကို ပြုစုပျိုးထောင်ဖို့ သိသာထင်ရှားတဲ့ ခြေလှမ်းတွေကို လှမ်းခဲ့ပေမဲ့ တစ်ဦးချင်းစီရဲ့ ပြဿနာအားလုံးနဲ့ ပတ်သက်ပြီး ပြောဆိုဖြေရှင်းမှုတွေကို ပုံမှန်ဖြစ်လာနိုင်ဖို့ ကျွန်မတို့ အနေနဲ့ ပိုမို ကြိုးစားရပါမယ်။ စိတ်ကျန်းမာရေး အတွေ့အကြုံနဲ့ ပတ်သက်လာရင် လူတိုင်းကိုယ်စီမှာ ပြောစရာကိုယ်စီ ရှိတတ်ကြပါတယ်။ TikTok ဟာ အားလုံးအတွက် ကွန်ရက်များနဲ့ ဆက်သွယ်နိုင်ဖို့ အရင်းအမြစ်တွေကို ပံ့ပိုးပေးပြီး စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ အလွန်အရေးပါတဲ့ မေးခွန်းတွေကို မေးမြန်း၊ ပြောဆို၊ နှစ်သိမ့်ဆွေးနွေးနိုင်မဲ့ နေရာတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားသွားပါမယ်” ဟု ပြောကြားခဲ့သည်။

ဤ “စိတ်ကျန်းမာရေး ဦးစားပေး” လှုပ်ရှားမှုတွင် TikTok ပေါ်ရှိ သုံးစွဲသူများ အားလုံး၏ စိတ်ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန် သတိပေးမှုများကို ဖြန့်ချိပေးလျက်ရှိပြီး TikTok ၏ သတိပေး ညွှန်ကြားချက်များ၊ စိတ်အနှောင့်အယှက် ပေးနိုင်သော စကားများကို ဖယ်ရှားမှုများနှင့် ဖုန်းကြည့်ချိန်စီမံရေးလမ်းညွှန်ချက်များကိုလည်း သုံးစွဲသူများအတွက် ပိုမို ကောင်းမွန်သော အတွေ့အကြုံများကို ရရှိနိုင်အောင် အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

စိတ်ကျန်းမာရေးဆိုင်ရာ စကားဝိုင်းများနှင့် ပတ်သက်၍ အများအတွက် ဆောင်ရန် ရှောင်ရန်များနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်သူ အသီးသီး၏ စိတ်ကျန်းမာရေးဆိုင်ရာ ကိုယ်တွေ့ဖြစ်ရပ်များ၊ အတွေ့အကြုံများကို ဖွင့်ဟပြောဆိုနိုင်ရန် အားပေးမှုများကို ပြုလုပ်နိုင်ရန် #ဘေးကင်းပျော်ရွှင်TikTokတစ်ခွင် #Safertogether ကဲ့သို့သော Hashtag များကိုလည်း မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ထို့နောက် TikTok မှ ၎င်း၏ စိတ်ကျန်းမာရေးနှင့် ဆိုက်ဘာကျန်းမာရေးဆိုင်ရာ ပညာပေးမှုများအားလုံးကို တစ်နေရာတည်းတွင် ဖော်ပြထားသော Digital Wellness Hub တွင် Update များ ထည့်သွင်းပြီး သုံးစွဲသူများကို ပိုမိုပံ့ပိုး ကူညီသွားမည်ဖြစ်သည်။

ဤ လှုပ်ရှားမှုများသည် ကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး ပြုလုပ်ခဲ့သော TikTok ၏ ကွန်ရက်အတွင်း၌ ရှိပြီးသား စိတ်ကျန်းမာရေးဆိုင်ရာ လမ်းညွှန်များကို ပိုမို အံ့ဝင်တကျဖြစ်အောင် မြှင့်တင်သွားမည်ဖြစ်သည်။ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များအရ စည်းမျဥ်းစည်းကမ်းနှင့် မကိုက်ညီသော ဗီဒီယိုများကို ဖယ်ရှားခြင်းအပြင် Block နှင့် Report ကဲ့သို့သော In-app Tool များကို သုံးစွဲသူများအားလုံး အသုံးပြုနိုင်အောင် ထောက်ပံ့ပေးခြင်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top