MasterChef Myanmar Season 3 ကို စက်တင်ဘာ ၂၀ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမယ်

MasterChef-MyanmarSeason3_Poster.jpg

MasterChef အစီအစဉ်က ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ဟင်းချက်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ၁၉၉၀ ခုနှစ်မှာ UK နိုင်ငံက စတင်ထုတ်လုပ်ခဲ့တဲ့ အစီအစဉ်ဖြစ်ကာ အခုထိ ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၄၀ ကျော်မှာ ထုတ်လွှင့်ပြသနေပါတယ်။ MasterChef Myanmar အစီအစဉ်က တရားဝင်ခွင့်ပြုချက်နဲ့ Forever Group (MRTV-4) က ကြီးမှူးပြုလုပ်တဲ့ ဟင်းချက်ပြိုင်ပွဲဖြစ်ပြီး MasterChef Myanmar Season-1 ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလက စတင်ပြီး MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

MasterChef Myanmar အစီအစဉ်က Season-1 ကနေ စတင်ပြီး ကြည့်ရှုသူတွေရဲ့စိတ်ဝင်စားမှုများစွာကိုရရှိခဲ့ကာ မကြာမီမှာ MasterChef Myanmar Season-3 ကို ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။

MasterChef Myanmar Season-3 ဟင်းချက်ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်သူ (၂၀)ဦးရှိပြီး၊ ပါဝင်ယှဉ်ပြိုင်သူတွေကို အပတ်စဉ်အကဲဖြတ်အမှတ်ပေးသွားမယ့် Judge တွေက ဦးရဲထွဋ်ဝင်း (Sharky’s) ၊ ဒေါ်ဖြူဖြူတင်၊ Jean-Marc Lemmery နဲ့ ဧည့်သည် Guest Judge Henri DeLorme တို့ဖြစ်ပါတယ်/

MasterChef Myanmar Season-3 ကို စက်တင်ဘာလ (၂၀) ရက်နေ့ကနေစတင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည (၇:၀၀) နာရီအချိန်မှာ MRTV-4 ရုပ်သံလိုင်းကနေ ကြည့်ရှုအားပေးနိုင်မှာဖြစ်ပါတယ်။ အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာ အပိုင်းသစ်ကိုထုတ်လွှင့်ပြသမှာဖြစ်ပြီး နောက်တစ်ပတ် စနေနေ့ ည (၇:၀၀) နာရီအချိန်မှာ အပိုင်းဟောင်းကို MRTV-4 ရုပ်သံလိုင်းမှာ ပြန်လည်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

MasterChef Myanmar Season-3 ကို Pyone Play application ကနေတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး ဒေတာပမာဏအသက်သာဆုံးနဲ့ အခမဲ့ တိုက်ရိုက်နဲ့Video-On-Demand ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ MasterChef Myanmar Season-3 မှာ Winner ဆုကိုဆွတ်ခူးရရှိတဲ့သူက ဆုကြေးငွေ ကျပ်သိန်းတစ်ရာ့ငါးဆယ်နဲ့ MasterChef Trophy ဆုတံဆိပ်ကို ထိုက်ထိုက်တန်တန်ရရှိမှာဖြစ်ပါတယ်။

MasterChef Myanmar Season-3 နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက MasterChef Myanmar ရဲ့ Official Facebook Page ဖြစ်တဲ့ www.facebook.com/MasterChefMM မှာလည်း အချိန်နှင့်တပြေးညီသတင်းအချက်အလက်တွေကို ဖော်ပြပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top