မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ပုံရိပ်ယောင်နည်းပညာ (Virtual Reality – VR) အသုံးပြု ဂိမ်းစင်တာ ဖွင့်လှစ်

VR-06.jpg

အဆင့်မြင့့်ဂိမ်းနည်းပညာ၊ ဂိမ်းအတွေ့အကြုံသစ်တွေ ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ပုံရိပ်ယောင်နည်းပညာ အသုံးပြု ဂိမ်းစင်တာ Virtual Reality (VR) Zone ကို The Central Boulevard မှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါပြီ။ အဆင့်မြင့် နည်းပညာများ၊ ဒီဇိုင်းတွေ သုံးထားတဲ့ VR Zone က ဂိမ်းတွေဟာ ဂိမ်းကစားသူတွေကို အမှန်တကယ်ဖြစ်နေသလို ခံစားရစေမယ့် ၃၆၀ ဒီဂရီ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ ပထမဦးဆုံး ဈေးဝယ်လျှောက်လမ်း ဖြစ်တဲ့ The Central Boulevard မှာ တည်ရှိတဲ့ အဲဒီ ဂိမ်းစင်တာသစ်မှာ ဇုန် ၄ ခု ပါဝင်မှာဖြစ်ပါတယ်။ “VR Zone မှာ တပ်ဆင်ထားတဲ့ ဂိမ်းတွေဟာ အိမ်မှာ ကျွန်တော်တို့ ဆော့ကစားနေကြ ဂိမ်းတွေနဲ့ မတူပဲ အပြင်မှာ ကိုယ်ကိုယ်တိုင် အမှန်တကယ် ပါဝင်လုပ်ဆောင်နေရသလို ခံစားချက်မျိုးကို ပေးစွမ်းသွားနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ The Evil: Haunted Table ဂိမ်းကတော့ ၃၆၀ ဒီဂရီ ပုံရိပ်ယောင်တွေ ဖန်တီးထားပြီး ဂိမ်းထဲမှာ မကောင်းဆိုးဝါးတွေလက်ထဲကနေ လွတ်မြောက်အောင် တစ်ယောက်နဲ့တစ်ယောက် ကူညီကယ်တင်ရမယ့် သည်းထိတ်ရင်ဖို ခံစားမှုမျိုး ရရှိမှာပါ။ VR Zone ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလလယ်ကစတင်ပြီး လာရောက်လည်ပတ်နိုင်မယ်လို့ ဆိုပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top