လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းလိုက်ချိန်မှာ အိမ်ပြန်ရောက်ဖို့ ၄၈ ရက်ကြာ စက်ဘီးစီးခဲ့တဲ့ ဆယ်ကျော်သက်

24-7-2020-yyl-045.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းလိုက်လို့ စကော့တလန်နိုင်ငံမှာ ပိတ်မိနေတဲ့ ဂရိကောလိပ် ကျောင်းသားတစ်ယောက်ဟာ ၄၈ ရက်တိုင်တိုင် စက်ဘီးစီးပြီး အိမ်ပြန်ခဲ့ပါတယ်။ ပါပါဒီမီထရီယူဟာ အဘားဒင်းတက္ကသိုလ်မှာ တတိယနှစ်တက်ဖို့ ပြင်ဆင်နေသူပါ။ ပါပါဒီမီထရီယူဟာ ဥရောပတိုက်တစ်ဝန်းမှာ အရှိန်အဟုန်ကောင်းကောင်း ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို သိပ်မကြာခင် တွန်းလှန်နိုင်လိမ့်မယ်လို့ မျှော်မှန်းပြီး စာသင်ချိန်တွေမလွတ်အောင် နောက်ကျပြီးမှ ပြန်ဖို့ ဆုံးဖြတ်ခဲ့သူပါ။ အဲဒီအချိန်မှာ သူ့သူငယ်ချင်းအများစုက ပြန်သွားကြပါပြီ။ သူက လေယာဉ်ခရီးစဉ် ၃ ခုနဲ့ လိုက်ပါဖို့ စာရင်းပေးသွင်းခဲ့ပေမဲ့ ခရီးစဉ် ၃ ခုလုံး ဖျက်ခဲ့ရပါတယ်။ အဲဒီအတွက် ၂၁၇၅ မိုင်အကွာအဝေးကို စက်ဘီးစီးသွားရုံမှတပါး တခြားမရှိတဲ့ အခြေအနေ ကြုံခဲ့ပါတယ်။ သူက ဆာဒင်းငါးသေတ္တာဘူးတွေ၊ မြေပဲ၊ ပေါင်မုန့်၊ ဇစ်တပ်အိပ်ရာလိပ်၊ တဲထိုးနိုင်မယ့် ရွက်ဖျင်တွေကို သယ်ဆောင်ပြီး ခရီးစဉ်စတင်ခဲ့ပါတယ်။

ပါပါဒီမီထရီယူဟာ ၂၀၁၉ ခုနှစ်က စက်ဘီးပြိုင်ပွဲ ဝင်ပြိုင်ဖူးသလို ဒီနှစ်ထဲမှာလည်း သီတင်းပတ်တော်တော်ကြာအောင် လေ့ကျင့်ခဲ့လို့ စက်ဘီးစီး အတွေ့အကြုံရှိပြီးသူပါ။ သူက စက်ဘီးခရီးစဉ်အကြောင်း မိသားစုကို ပြောပြချိန်မှာ မိသားစုက သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်တစ်လျှောက် အဆက်အသွယ်မပြတ်ဖို့ app တစ်ခု အသုံးပြုဖို့ သူ့အဖေက တောင်းဆိုခဲ့ပါတယ်။ ပါပါဒီမီထရီယူဟာ တစ်နေ့ကို ၃၅ မိုင်ကနေ ၇၅ မိုင်ကြား စက်ဘီးစီးပြီး အင်္ဂလန်၊ ဟော်လန်၊ ဂျာမနီ၊ သြစတြီးယား၊ အီတလီတို့ကို ဖြတ်ကျော်ပြီး ဂရိနိုင်ငံ ပါထရာဆိပ်ကမ်းကို စက်လှေစီးခဲ့ပါတယ်။ အဲဒီကတစ်ဆင့် အေသင်မြို့ကို စက်ဘီးစီးခဲ့တာပါ။ ဇွန်လ ၂၇ ရက်မှာတော့ သူက အိမ်ပြန်ရောက်ခဲ့ပြီး မိသားစုတွေ၊ မိတ်ဆွေတွေက ကြိုဆိုခဲ့ကြပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top