အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်အသစ်ရဲ့အမည်အတွက် ကျောင်းသားတွေကို NASA က ရွေးချယ်ခွင့်ပေး

29_08_marsroller.jpg

လာမယ့် ၂၀၂၁ ခုနှစ်မှာ အင်္ဂါဂြိုဟ်ဆီကို လေ့လာရေးယာဉ်တစ်စင်း ထပ်မံစေလွှတ်သွားမယ့် နာဆာက အဲဒီယာဉ်အသစ်ကိုအမည်ပေးဖို့နဲ့ပတ်သက်ပြီး ထူးခြားတဲ့အစီအစဉ်တစ်ခု ပြုလုပ်လိုက်ပါတယ်။ အဲဒါကတော့ အမေရိကန်ပြည်ထောင်စုက အထက်တန်းကျောင်းသားမှန်သမျှ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် “ဂြိုဟ်ဆင်းယာဉ်ကို အမည်ပေးပါ” ဆိုတဲ့အက်ဆေးပြိုင်ပွဲ ပါ။ သိပ္ပံပညာရပ်နဲ့ အင်္ဂါဂြိုဟ်လေ့လာရေးစီမံကိန်းမှာ ကျောင်းသားတွေရဲ့စိတ်ပါဝင်စားမှုတိုးလာဖို့ နာဆာက ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။

ယှဉ်ပြိုင်မယ့်ကျောင်းသားတွေအနေနဲ့ ကိုယ်ရွေးချယ်ထားတဲ့ယာဉ်အမည် (စာလုံးရေ ၅၀ အောက်) နဲ့ ရွေးချယ်ရတဲ့အကြောင်းရင်းအက်ဆေး (စာလုံးရေ ၁၅၀ အောက်) တို့ကို သတ်မှတ်ထားတဲ့ web page မှာ စာရင်းသွင်းပေးပို့ရမှာပါ။ ရွေးချယ်ထားတဲ့ယာဉ်အမည်က ယခင်က နာဆာရဲ့ အာကာသယာဉ်စီမံကိန်းတွေမှာရှိထားပြီးတဲ့အမည်မဖြစ်ဖို့လိုသလိုမှတ်ပုံတင်ပြီး အမည်တွေလည်းမဖြစ်ဖို့လိုအပ်ကာ လူတစ်ဦးရဲ့အမည်ကိုရွေးချယ်ချင်ရင်တော့ ကွယ်လွန်ပြီးသူရဲ့အမည်ဖြစ်ရမယ်လို့ နာဆာကသတ်မှတ်ထားပါတယ်။

နိုဝင်ဘာလ (၁) ရက်နေ့ထိ ပေးပို့ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး အကောင်းဆုံးယာဉ်အမည်ပေးနိုင်သူကို ၂၀၂၀ ခုနှစ်မှာ လူအများကို ဆန္ဒပြုမှုတွေအပေါ် မူတည်ရွေးချယ်သွားမှာဖြစ်ပါတယ်။

TH (ရိုးရာလေး

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top