တွစ်တာ CEO ရဲ့တွစ်တာအကောင့် ထိုးဖောက်တိုက်ခိုက်ခံရ

gettyimages-456915652.0.0.jpg

ပြီးခဲ့တဲ့ သောကြာနေ့ နေ့လယ်ခင်းပိုင်းမှာ တွစ်တာအမှုဆောင်အရာရှိချုပ် ဂျက်ဒေါ်ဆေ (Jack Dorsey) ရဲ့ တွစ်တာအကောင့်ကို Chuckle Squad အမည်ရှိဟက်ကာအဖွဲ့က ထိုးဖောက်ဝင်ရောက်ပြီး လူမျိုးရေးခွဲခြားတဲ့တွိတွေကို ရေးသားဖော်ပြခဲ့ကြပါတယ်။

အဲဒီလိုဖော်ပြပြီးမကြာခင် (၁၀ မိနစ်ဝန်းကျင်) မှာ တွစ်တာသုံးစွဲသူများစွာက မူရင်းတွိကို ဝေဖန်ပြစ်တင်တဲ့မှတ်ချက်တွေဝင်ရောက်ရေးသားခဲ့ကြပါတယ်။ အခုတော့ အဲဒီမှတ်ချက်တွေအားလုံးကို ဖျက်ပစ်ပြီးပါပြီ။ အကောင့်တိုက်ခိုကိခံရပြီး (၁) နာရီခွဲလောက်အကြာမှာတော့ ဂျက်ရဲ့ အကောင့်ကို ပြန်လည်ရယူပြီးဖြစ်ကြောင်းနဲ့ တွစ်တာစနစ်တစ်ခုလုံးကို ထိခိုက်စေခဲ့တာမျိုးမရှိကြောင်း ကြေညာခဲ့ပါတယ်။

အခုလို ဂျက်ရဲ့ အကောင့်တိုက်ခိုက်ခံခဲ့ရခြင်းဟာ ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ (AT&T) ရဲ့ တာဝန်မကင်းကြောင်း တွစ်တာဘက်က ဝေဖန်ထောက်ပြခဲ့ပြီး AT&T လုံခြုံရေးပိုင်းသတိလစ်ဟင်းမှုတွေကြောင့် ဟက်ကာတွေက ဖုန်းစာပို့စနစ်ကိုအသုံးချပြီး ဂျက်ရဲ့တွစ်တာမှာ တွိတွေရေးနိုင်ခဲ့တာလို့ ဆိုပါတယ်။ (ဖုန်းစာပို့စနစ်ကနေ 404-04 လို့ အော်ပရေတာဆီစာပိုလို့က်ရင် ဖုန်းစာပို့စနစ်နဲ့ တွစ်တာချ်တ်ဆက်သွားပြီး ဖုန်းစာပို့စနစ်ကနေပဲ တွိတွေ တိုက်ရိုက်ရေးသားနိုင်ပါတယ်)

AT&T ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ ကွန်ရက်သုံးစွဲသူတေကိုပေးအပ်နေတဲ့ဝန်ဆောင်မှုတွေအတွက် တည်ဆဲဥပဒေတွေအတိုင်းလိုက်နာဆောင်ရွက်နေတာဖြစ်ပြီး လူမှုကွန်ရက်အကောင့်တွေရဲ့ လုံခြုံရေးကိုလည်း အလေးထားစီစဉ်နေကြောင်း ပြောခဲ့ပါတယ်။

အခုတိုက်ခိုက်ခံရမှုဟာ ဂျက်ဒေါ်ဆေရဲ့ အကောင့်အတွက်တော့ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၆ ခုနစ်တုန်းကလည်း Facebook CEO မာ့ခ် ဇူကာဘာ့ဂ်နဲ့ Google CEO ဆန်ဒါ ပီချိုင်းတို့ရဲ့ အကောင့်တွေကိုတိုက်ခိုက်ခဲ့တဲ့ဟက်ကာအဖွဲ့ OurMine က ဂျက်ရဲ့ အကောင့်ကိုထိုးဖောက်ဝင်ရောက်ပြီး”လုံခြုံရေးစမ်းသပ်မှု” ဆိုတဲ့စာကို ရေးသွားခဲ့ဖူးပါတယ်။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top