လူကြားသူကြားမှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူတွေကို အမိဖမ်းနိုင်စေမယ့် တံဆိပ်တုံး

17778724-0-image-a-48_1566984866051.jpg

ဂျပန်ကုမ္ပဏီ Shachihata က ထုတ်လုပ်ရောင်းချလိုက်တဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တတ်မှုဖမ်းဆီးရေးတံဆိပ်တွေကတော့ စရောင်းချပြီး နာရီဝက်အတွင်းမှာပဲ အားလုံးရောင်းထွက်သွားပါတယ်။ တံဆိပ်တုံးအခုရေ (၅၀၀) ပဲ ကန့်သတ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယန်း (၂၅၀၀) / (၂၄) ဒေါ်လာနဲ့ ရောင်းချခဲ့တာပါ။

Anti-groping stamps လို့ခေါ်တဲ့အဲဒီတံဆိပ်တုံးတွေမှာ သာမန်ကြည့်တာနဲ့မမြင်ရတဲ့မင်ရည်ပါဝင်ပြီး လူအုပ်ထဲမှာ အသားယူကိုင်တွယ်မှုပြုလာသူတွေကို မကျူးလွန်ခဲ့ကြောင်းငြင်းမရနိုင်စေဖို့ တစ်ခါတည်း တံဆိပ်ရိုက်အမှတ်အသားပြုလိုက်နိုင်စေမှာပါ။

“လူထူတဲ့နေရာတွေမှာ လိင်အမြတ်ထုတ်ခံရမှုတွေကို ဘယ်လိုကာကွယ်တားဆီးကြမလဲ” ဆိုတဲ့ လူမှုကွန်ရက်ပေါ်က ပြောဆိုဆွေးနွေးမှုကိုတွေ့ခဲ့ပြီးတဲ့နောက်မှာ ဒီတံဆိပ်တုံးတွေကို ဖန်တီးဖို့စိတ်ကူးစရခဲ့တာ လို့ ကုမ္ပဏီရဲ့ ပြောခွင့်ရသူ Fumihiro Mukai က ပြောပါတယ်။

စမ်းသပ်ရောင်းချတဲ့အချိန်မှာတောင် မြန်မြန်ရောင်းကုန်သွားခဲ့တဲ့အတွက် အံ့သြရပြီး အခုဖန်တီးမှုမှာ ရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းမှုမပါဝင်နေပေမဲ့လည်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုလျှော့ချရာမှာ အကူအညီဖြစ်စေမယ်လို့ ယူဆကြောင်း Mukai က ဆိုပါတယ်။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top