ဂျက်စတင်ဘီဘာရဲ့လက်မောင်းပေါ်က ဆီလီနာပုံတက်တူးအပေါ် ဟေလီဘဲလ်ဒ်ဝင်းရဲ့ခံစားချက်

2.38637994.jpg

အသက် ၂၄ နှစ်အရွယ် ဂျက်စတင်ဘီဘာရဲ့ လက်မောင်းပေါ်မှာ ဆီလီနာဂိုးမက်စ်ရဲ့ တက်တူးဟာ ခုထိရှိနေတုန်းပါပဲ။ ဒါပေမဲ့ ဒီတက်တူးဟာ ဂျေဘီရဲ့သတို့သမီး ဟေလီဘဲလ်ဒ်ဝင်းကို နည်းနည်းလေးတောင် စိတ်အနှောင့်အယှက် ဖြစ်စေပုံမပေါ်ပါဘူး။ ဂျေဘီ ဘာကြောင့် ဒီတက်တူးကို ဒီအတိုင်းထားဖို့ ရွေးချယ်လည်းဆိုတာ သူကအပြည့်အဝ နားလည်ပုံပါပဲ။

‘သူ့လက်မောင်းပေါ်က ဆီလီနာရဲ့တက်တူးဟာ အမြဲတမ်း သတိရမှုအနေနဲ့ပဲ တည်ရှိမှာပါ။ လူတိုင်းကတော့ ကျွန်မဟာ စိတ်အနှောင့်အယှက် ဖြစ်မယ်လို့ ထင်ကြမှာပါပဲ’ လို့ ဟေလီက ပြောခဲ့ပါတယ်။ ‘ဂျေဘီက တက်တူးမှာ ဆီလီနာရဲ့မျက်နှာကို ဖုံးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒီတက်တူးဟာ ဆီလီနာပဲဆိုတာ ပရိသတ်ကြီး ပြောနိုင်မှာပါ။ ဒါက ဟေလီကို စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး။ လွန်လွန်ကြူးကြူး တုံ့ပြန်တတ်တာ သူ့ရဲ့စတိုင်မဟုတ်ပါဘူး။ ဂျေဘီက တက်တူးဟာ သူ့ရဲ့ အတိတ်ဖြစ်ပြီးတော့ သူဟာ သူ့အနာဂတ်အတွက် ရွေးချယ်လိုက်တဲ့သူလို့ ပြောပါတယ်။

ဒါ့အပြင် ဒီတက်တူးနဲ့ ပတ်သက်ပြီး သူ့ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြတာ သူ့အတွက် ပိုကောင်းပါတယ်။ ‘ဟေလီအတွက်လည်း တက်တူးတစ်ခုထိုးမယ်လို့ ကတိပေးခဲ့ပါတယ်။ သူတို့ရဲ့ အချစ်ကို အမြဲသတိရနေစေမဲ့ တစ်ခုခုပေါ့…’ ‘သူတို့နှစ်ယောက်ဟာ စုံတွဲတက်တူး ထိုးရင်တောင် ထိုးဦးမှာပါ။ ဟေလီဟာ ဂျက်စတင်နဲ့ဆိုရင် လုံခြုံသလို ခံစားရပြီးတော့ ဘယ်အရာကမှ ကွဲကွာအောင်လုပ်နိုင်မှာ မဟုတ်ပါဘူး’ လို့ ပြောခဲ့ပါတယ်။

သူတို့နှစ်ယောက်က အတူတူ ရိုမန်တစ်ဆန်ဆန် အပြင်ထွက်နေတာကိုပဲ မြင်တွေ့ရပါတယ်။ အမြဲ ပူးပူးကပ်ကပ်ရှိနေတာမျိုး၊ နမ်းနေတာမျိုး သူတို့အခွင့်အရေးရရင် ရသလို တစ်ဦးကိုတစ်ဦး အရမ်းတွေချစ်နေကြတော့တာပါပဲ။

Ref: www.hollywoodlife.com “Hailey Baldwin: What she really feels about Justin Bieber’s Tattoo of Selena Gomaz revealed”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top