ဆောင်ဂျွန်ကီ နဲ့ ဆောင်းဟေဂျို တို့ရဲ့ wedding plan

so.jpg

ကိုးရီးယား နာမည်ကြီး သရုပ်ဆောင် စုံတွဲတွေထဲမှာ အခု လက်ရှိ ရေပန်းအစားဆုံး စုံတွဲဆိုရင်တော့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေဂျိုလို့ ပြောလို့ရပါတယ်။

သူတို့နှစ်ဦးရဲ့ မင်္ဂလာဆောင်မယ့် သတင်းတွေ တရားဝင်ထွက်လာပြီးတဲ့နောက်မှာ သူတို့ရဲ့ မင်္ဂလာဆောင်မယ့် အစီအစဉ်ကို ဆောင်ဂျွန်ကီက ပြောပြလိုက်ပါတယ်။

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲနဲ့ပက်သက်ပြီး ဟိုတယ်တွေ၊ မင်္ဂလာဝတ်စုံတွေ၊ မင်္ဂလာခမ်းမတွေ အစရှိတဲ့ စပွန်ဆာတွေက အများကြီး ပေါ်လာခဲ့ပေမယ့် သူတို့ စုံတွဲကတော့ အားလုံးကို ငြင်းပယ်လိုက်တာပါ။ ဂုဏ်ပကာသနတွေကို မကြိုက်တဲ့ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကတော့ ရိုးရိုးရှင်းရှင်း မင်္ဂလာပွဲ တစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ သတင်းတစ်ခုကတော့ ဆောင်ဂျွန်ကီ နဲ့ အတူတူ The Battleship Island ရုပ်ရှင်ဇာတ်ကားမှာ တွဲဖက် ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုးရီးယားအဆိုတော်၊ သရုပ်ဆောင် မင်းသမီး လီဂျန်ဟွန်း က သူတို့နှစ်ဦးရဲ့ မင်္ဂလာဆောင်မှာ သီချင်းဆိုပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဆောင်ဂျွန်ကီက ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့ပါတယ်။ ဆောင်ဟေဂျိုရဲ့ သူငယ်ချင်းဖြစ်သူ အဆိုတော် အုတ်ဂျူဟွန်း က သူတို့ရဲ့ မင်္ဂလာဆောင်မှာ သီချင်းသီဆိုပေးသွားမှာပါ။ ဆောင်းဟေဂျိုက ဂျူဟွန်းရဲ့ ဂီတပွဲတွေကို အမြဲ တက်ရောက်လေ့ရှိသူပါ။

သူတို့စုံတွဲရဲ့ ဟန်းနီးမွန်းခရီးစဉ်နဲ့ပက်သက်လို့တော့ သူတို့နှစ်ဦးလုံးက အလုပ်တွေများနေတဲ့အတွက် မစီစဉ်ရသေးဘူးလို့သိရပါတယ်။ “တကယ်လို့ သွားဖြစ်မယ်ဆိုရင်တောင် ရိန်းနဲ့ ကင်ထယ်ဟီးတို့လို ဘာလီ ကိုပဲ ခရီးတိုသွားဖြစ်မှာပါ” လို့ ဆောင်ဂျွန်ကီက ဆိုပါတယ်။ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေဂျိုတို့ နှစ်ဦးဟာ မင်္ဂလာဆောင်ပြီးရင်လည်း အလုပ်တွေ ချက်ချင်းပြန်လုပ်သွားမှာပါ။ သူတို့နှစ်ဦးက အလုပ်တွေအလွန်များနေပြီး နောက်ထပ် ရှုတင်တွေ မစခင်မှာလည်း ကြိုတင် ပြင်ဆင်စရာတွေအများကြီးရှိနေတယ်လို့ သိရပါတယ်။

Ref: Dramafever: Everything you need to know about the Song Song couple’s wedding

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top