မြောက်ကိုရီးယားနိုင်ငံအတွင်း ကျန်ရှိနေသေးတဲ့ အမေရိကန်စစ်သားတွေကို ရှာဖွေမယ်

4000.jpg

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ဟာ စစ်ပွဲအတွင်းက ကျန်ရှိနေတဲ့ စစ်သားတွေနဲ့ နိုင်ငံသားတွေကို ပူးပေါင်း ရှာဖွေသွားမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပွန်ပီအိုက ပြောလိုက်ပါတယ်။ ကိုရီးယားကျွန်းဆွယ်စစ်ပွဲမှာ အမေရိကန်နိုင်ငံကို ပြန်မလာတဲ့ အမေရိကန် စစ်သား ၅၃၀၀ ကျော် ကျန်ရှိနေသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာပါ။

အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ မြောက်ကိုရီးယားနိုင်ငံမှာ ကျန်ရှိနေတဲ့ အမေရိကန်စစ်သားတွေကို ပြန်ရှာနိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နုအာက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရှာဖွေမှု လုပ်ငန်းတွေကို ဘယ်အချိန် စမယ်ဆိုတဲ့အချက်ကိုတော့ အတိအကျ ပြောဆိုတာမျိုး မရှိသေးပါဘူး။ အမေရိကန်နိုင်ငံနဲ့ မြောက်ကိုရီးယားတို့ဟာ ၁၉၉၆ ခုနှစ်ကလည်း မြောက်ကိုရီးယားနိုင်ငံအတွင်း ကျန်ရှိတဲ့ အမေရိကန်စစ်သားတွေကို ရှာဖွေဖို့ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ နျူကလီးယားပြသာနာ တင်းမာမှုတွေကြောင့် ရှာဖွေမှုကို ဆိုင်းငံခဲ့ရပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ ကျန်ရှိနေတဲ့ အမေရိကန်စစ်သား ရှာဖွေမှုအပြင် မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ဝန်ထမ်း ၂၀၀ ကျော် လွဲပြောင်းပေးရေးကိုလည်း ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ စစ်သားတွေ ရှာဖွေနိုင်ဖို့ လုပ်ငန်းကော်မတီ အစည်းဝေးကိုမကြာမီ စတင်တော့မှာဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

Ref: CNN “US, North Korea to restart joint searches for soldiers’ remains, Pompeo says”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top