ရန်ဖြစ်စကားများတိုင်း ပေါက်ကွဲ ဖွင့်ထုတ်တတ်တဲ့ ချစ်သူစုံတွဲ ပေါင်းဖက်မိရင် နှစ်ဦးစလုံး အသက်ပိုရှည်နိုင်

asian-couple-have-an-argument-H896QLU.jpg

ဒီစစ်တမ်းက အတော်လေး ထူးခြားပါတယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ အိမ်နီးချင်းတွေအတွက် သတင်းကောင်း မဟုတ်တာတော့ ထည့်ပြောပါရစေ။ ရန်ဖြစ် စကားများတဲ့အခါ ပေါက်ကွဲ ရင်ဖွင့်ပစ်လေ့ရှိတဲ့ အကျင့်စရိုက်တူ ချစ်သူစုံတွဲချင်း ပေါင်းဖက်မိသွားရင် ဒါဟာ နှစ်ဦးစလုံးအတွက် အသက်ပိုရှည်စေပြီး ပိုကျန်းမာစေတယ်လို့ အရီဇိုးနားတက္ကသိုလ် ရဲ့ သုတေသန ရလဒ်အရ အခိုင်အမာ ဆိုထားတာ ဖြစ်ပါတယ်။

စစ်တမ်းအရ စုံတွဲပေါင်း ၁၉၂ တွဲကို ၃၂ နှစ်ကျော်ကြာ သုတေသန ပြုခဲ့တာဖြစ်ပြီး ရန်ဖြစ် စကားများချိန်မှာ သူတို့ချင်း ကိုင်တွယ် ဖြေရှင်းပုံကို အဓိကထား စောင့်ကြည့် လေ့လာခဲ့ကြပါတယ်။ ဒေါသစိတ်ကို မျိုသိပ် ချိုးနှိမ်တတ်သလား၊ ဒေါသပြင်းပြင်းနဲ့ ရင်ဖွင့် ပေါက်ကွဲပစ်လိုက်သလား ဆိုတဲ့ အချက်နှစ်ချက်အပေါ်  မူတည်ပြီး သူတို့ရဲ့ အပြုအမူပိုင်းဆိုင်ရာ၊ ကျန်းမာရေးအပေါ်  သက်ရောက်မှုတွေနဲ့ နောက်ထပ် နှစ် ၃၀ အတွင်း သေဆုံးနိုင်ချေ ရှိမရှိ တွက်ချက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဖြေကတော့ နှစ်ဦးသား စိတ်တူကိုယ်တူ ဖွင့်ထုတ်ပေါက်ကွဲ ရန်ဖြစ်ပစ်လိုက်တဲ့ စုံတွဲတွေက စိတ်ကျေနပ်မှု အဖြစ်ရဆုံးနဲ့ အသက်အရှည်ဆုံး ဖြစ်ခဲ့ကြပြီး နှစ်ဦးစလုံး မျိုသိပ် သည်းခံမယ်ဆိုလဲ အတူတူ သည်းခံကျော်ဖြတ်တတ်တဲ့ စုံတွဲတွေက အသက်ရှည်ဖို့ရာ ဒုတိယနေရာက လိုက်ခဲ့ပါတယ်။

အဆိုးဝါးဆုံး ဖြစ်ခဲ့တာကတော့ တစ်ဖက်သတ် ဖြေရှင်းရတဲ့ စုံတွဲတွေပါ။ အမျိုးသမီးဘက်က ငြိမ်သက် တိတ်ဆိတ်နေချိန်မှာ ပေါက်ကွဲ ဖွင့်ထုတ်နေရတဲ့ အမျိုးသားတွေက အသက်တိုနိင်ခြေ ၅၁ ရာခိုင်နှုန်းရှိပြီး ငြိမ်နေသူအမျိုးသမီးအတွက်က အသက်တိုနိုင်ခြေ ၃၆ ရာခိုင်နှုန်းပါ။

ဒီလိုပါပဲ။ အမျိုးသမီးဘက်က အားနဲ့အင်နဲ့ ရန်ဖြစ်ရင်း ပေါက်ကွဲ ဖြေရှင်းနေချိန်မှာ ရေငုံ နှုတ်ပိတ်ပြီးသာ နေနေတတ်တဲ့ ခင်ပွန်းသည်တွေက အသက်တိုနိုင်ခြေ ၄၉ ရာခိုင်နှုန်းမှာ ရှိပြီး တစ်ဖက်သတ် ရန်ဖြစ်နေရတဲ့ အမျိုးသမီးတွေကတော့ အသက်တိုနိုင်ခြေ ၂၈ ရာခိုင်နှုန်း ရှိနေပါတယ်။

အဓိကမြင်ရတဲ့ အချက်ကတော့ ပြဿနာဖြေရှင်းရာမှာ တစ်ယောက်တစ်မျိုးစီ၊ ဒါမှမဟုတ် တစ်ဖက်သတ် ဖြစ်မနေဖို့ပါပဲ။ ချစ်သူစုံတွဲတွေအကြား ကတောက်ကဆဖြစ်ကြတဲ့အခါ နှစ်ဦးနှစ်ဖက် တုံ့ပြန် ဖြေရှင်းပုံချင်း အတူတူဖြစ်ရင်တော့ သိပ်ကောင်းတဲ့ အချက်ပါ။ ဒါဟာ ကျန်းမာရေး အရရော၊ စိတ်ပိုင်းဆိုင်ရာ အရရော အပြန်အလှန် အကျိုးဖြစ်စေနိုင်ပါတယ်။

ဆန့်ကျင်ဘက် အနေနဲ့ တစ်ယောက်က ပေါက်ကွဲနေချိန်မှာ တစ်ယောက်က မျိုသိပ်နေတာမျိုးဟာ နှစ်ဦးကြား စိတ် အစာမကျေလည်မှုကို ပိုကြီးထွားစေပြီး ခံစားရတဲ့ စိတ်ဒုက္ခကို ပိုများလာစေလေ့ရှိပါတယ်။

အရေးကြီးတာက ပြဿနာအပေါ် တုံ့ပြန်ပုံချင်းတူတဲ့၊ ရန်ဖြစ်ရင်လည်း အတူတူဖြစ်တတ်တဲ့ လင်မယား၊ ချစ်သူစုံတွဲတွေ ဖြစ်ဖို့ပါပဲ။ ဒါက ရေရှည်မှာ ရွှေလက်တွဲမြဲဖို့အတွက် ပိုမိုချောမွေ့လာစေတယ်လို့ ဆိုပါတယ်။

Ref: Dailymail “The key to a longer life is a row with your other half”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top