မက်ဂရီဂေါ်နဲ့ နောက်တစ်ပွဲ ထိုးသတ်ဖွယ်ရှိတယ်လို့ မေဝယ်သာ ပြော

yyl-030-12.jpg

သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်နဲ့ နောက်တစ်ပွဲ ထပ်ထိုးနိုင်ခြေရှိတယ်လို့ ပွဲတိုင်းနိုင် လက်ဝှေ့သမားဟောင်း မေဝယ်သာက ပြောပါတယ်။ မေဝယ်သာဟာ ၂၀၁၇ ခုနှစ် သြဂုတ်လက မက်ဂရီဂေါ်နဲ့ ထိုးသတ်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်း ဂျပန်ကစ်ဘောက်ဆင်ကစားသမား နာဆုဂါဝါနဲ့ သရုပ်ပြပွဲတစ်ပွဲပဲ ထိုးသတ်ခဲ့ပြီး လက်ဝှေ့သမားဘဝကနေ အနားယူခဲ့သူပါ။ ဒါပေမဲ့ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာတော့ ကြိုးဝိုင်းထဲ ပြန်ဝင်လာပြီး UFC ဥက္ကဋ္ဌ ဒါနာဝှိုက်နဲ့ အလုပ်တွဲလုပ်ဖွယ်ရှိတယ်လို့ ဆိုခဲ့ပါတယ်။

“ သူတို့က ထိုးကြေးပေးရင်တော့ ကျွန်တော် ထိုးမှာပေါ့။ သူတို့ဘက်က ထိုးကြေးပေးမယ်ဆိုရင် ကော်နာ(မက်ဂရီဂေါ်)ကို နောက်တစ်ခါ ထပ်ဆော်မယ်။ ဘယ်နေရာပဲထိုးထိုး အဲဒီအတိုင်းပါပဲ။ ပိုက်ဆံယူပြီး ကျွန်တော့်ဇာတ်လမ်းကို ပြောပြတာပေါ့’’လို့ မေဝယ်သာက ပြောပါတယ်။ အသက် ၄၃ နှစ်ရှိတဲ့ မေဝယ်သာဟာ လက်ဝှေ့သမားဘဝမှာ ပွဲ ၅၀ လုံး အနိုင်ရခဲ့တဲ့ စံချိန် ပိုင်ဆိုင်ခဲ့သူပါ။ မက်ဂရီဂေါ်ဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ဒေါ်နယ်ဆီရုန်းနဲ့ ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ စက္ကန့် ၄၀ အတွင်း အလဲထိုးအနိုင်ရခဲ့ပြီး ဒီနှစ်ထဲမှာ ပွဲစဉ်(၃)ပွဲ ထိုးသတ်ဖို့ ဆွေးနွေးနေသူပါ။ မက်ဂရီဂေါ်ဟာ လာမယ့်နွေရာသီမှာ ဂျက်စတင်ဂါသီနဲ့ ထိုးသတ်ဖို့ရှိနေပြီး ကနဦးဆွေးနွေးမှုတွေ လုပ်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top