လီဗာပူးတိုက်စစ်မှူး ဖာမီနိုကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်း ဆက်သွယ်

yyl-031-12.jpg

ဘိုင်ယန်မြူးနစ်အသင်းက နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့အတွက် လီဗာပူးတိုက်စစ်မှူး ဖာမီနိုကို ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဘရာဇီးတိုက်စစ်မှူး ဖာမီနိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးအတွက် (၈)ဂိုးသွင်းပြီး (၇)ဂိုးဖန်တီးပေးနိုင်ခဲ့သူပါ။ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)ပွဲပြီးဆုံးချိန်မှာ အဆင့်(၂)နေရာက မန်စီးတီးကို (၂၂)မှတ်ဖြတ်ထားတဲ့ လီဗာပူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ သေချာနေပါပြီ။

လာမယ့်နွေရာသီမှာ ကစားသမားအင်အားဖြည့်တင်းဖို့ ရှိနေတဲ့ လီဗာပူးဟာ လစ်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို စိတ်ဝင်စားနေပါတယ်။ “ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းက ဖာမီနိုရဲ့ အေးဂျင့်ကို ဆက်သွယ်ခဲ့ပြီး လီဗာပူးကနေ အသင်းပြောင်းချင်လား၊ ဘိုင်ယန်မြူးနစ်ကို ပြန်လာချင်လားဆိုတာ မေးမြန်းတီးခေါက်ခဲ့ပါတယ်။ လာမယ့်နွေရာသီမှာ မေဂျာလိဂ်ကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ လီဝမ်ဒေါစကီးနေရာမှာ ဖာမီနိုကို ကောင်းကောင်းအစားထိုးလို့ ရပါတယ်’’လို့ The Transfer Window Podcast ရဲ့ ကျွမ်းကျင်ပညာရှင် မက်ဂါရီက ပြောပါတယ်။ ဖာမီနိုဟာ ၂၀၁၅ ခုနှစ်က လီဗာပူးကို ပြောင်းမလာခင် ဟော့ဖန်ဟိမ်းအသင်းမှာ ၄ ရာသီကြာ ကစားခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top