မန်စီးတီးရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ပိတ်ပင်မှု ပယ်ဖျက်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကို ဂျာဂန်ကလော့နဲ့ မော်ရင်ဟို ဝေဖန်

15-7-2020-yyl-032.jpg

မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့် ၂ နှစ်ပိတ်ပင်ထားတဲ့ပြစ်ဒဏ် ပယ်ဖျက်ပေးလိုက်တာဟာ ဘောလုံးလောကအတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူး၊ ချမ်းသာကြွယ်ဝတဲ့ အသင်းပိုင်ရှင်တွေက သူတို့ကိုယ်ပိုင် ပိုက်ဆံထဲကနေ တစ်ရက်တည်း တစ်ဘီလျံလောက်သုံးပြီး ဘောလုံးအားကစားကို ဖျက်ဆီးပစ်နိုင်တယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ဝေဖန်ခဲ့ပါတယ်။ အားကစားဆိုင်ရာ ဖျန်ဖြေရေးတရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းရဲ့အနာဂတ်ကို ခြိမ်းခြောက်နေပြီး အချမ်းသာဆုံးလူတွေ၊ နိုင်ငံတွေက ငွေကြေးအကန့်အသတ်မရှိသုံးနိုင်တဲ့ စူပါလိဂ်ပြိုင်ပွဲအဖြစ် ခွဲထွက်နိုင်တယ်လို့ ဂျာဂန်ကလော့က ဆိုပါတယ်။

” ဖော်မြူလာဝမ်းပြိုင်ပွဲနဲ့ နည်းနည်းတူပါတယ်။ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဘယ်သူပိုမြန်လဲပြိုင်ကြည့်ရင်တော့ လေယာဉ်က နိုင်မှာပေါ့။ ကားဆိုတဲ့ အမျိုးအစားတွေချည်းပဲ ပြိုင်ရင်တော့ အတော်ဆုံးကားမောင်းသမားက နိုင်မှာပေါ့။ ဒါက ပြိုင်ပွဲသဘောတရားပါ။ စည်းမျဉ်းတွေရှိရင် အားလုံးကို စည်းမျဉ်းအတိုင်း လုပ်ရမှာပါ”လို့ ဂျာဂန်ကလော့က ပြောပါတယ်။ စပါးနည်းပြ မော်ရင်ဟိုကလည်း အားကစားဆိုင်ရာ ဖျန်ဖြေရေး တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ မနှစ်မြို့စရာဖြစ်ပြီး ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို အဆုံးသတ်လိုက်သလိုပဲလို့ ဝေဖန်ထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top